Thursday, November 8, 2012

မြိတ်မြို့ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ထောက်ခံ ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုမိန့် ရရှိ

မြိတ်မြို့ ကျောက်ဖျာကျေးရွာအုပ်စ လော့လော့ ကျေးရွာ တွင် တည်ဆောက်မည့်
ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုအား ကန့်ကွက်
ဆန္ဒဖော်ထုတ် မှုများ ဖြစ်ပေါ်ခဲ့ပြီး (၆) ရက်အကြာတွင် ထို ကျောက်မီးသွေး စက်ရုံ တည်ဆောက်မှုကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးထံ တင်ပြထားခြင်းအား ရဲတပ်ဖွဲ့မှူးရုံးမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း
အတွက် ခွင့်ပြုမိန့် (အမှတ်စဉ် - ၂/၂၀၁၂) ဖြင့် နိုဝင်ဘာ (၇) ရက်နေ့တွင် လူအင်အား (၂၅၀) ဦးဖြင့် (၁၀)ရက်နေ့ နံနက် (၀၉၀၀) နာရီမှ (၀၉၃၀) နာရီ အချိန်ထိ မြိတ်မြို့ ပုလဲရတနာ ခန်းမမှ
ကမ်းနားလမ်း အတိုင်း တြိဂံလမ်းဆုံ (ကန်ကြီးလမ်းဆုံ)အထိ စီတန်းလှည့်လည် ခွင့်ပြုလိုက်ပြီ
ဖြစ်ကြောင်း  သတင်းရရှိသည်။

1 comments:

Unknown said...

ခွင့်ပြုချက်ကျတဲ့စာအပြည့်အစုံတင်ပေးပါ