Sunday, November 25, 2012

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကထိန် အလှူတော် ပြုလုပ်





မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၏ ဒုတိယ အကြိမ်မြောက် ကထိန်အလှူတော် မင်္ဂလာ ကို (၂၅-၁၁-၂၀၁၂) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် မြိတ်မြို့ မြိတ်တောင် ရပ်ကွက် နတ်မော် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြုလုပ်ကျင်းပသော စုပေါင်း မဟာ ဘုံကထိန် အခမ်းအနားတွင် ငွေကျပ် (၃)သိန်းခန့် တန်ဖိုးရှိ ပဒေသာပင်များ ပို့ဆောင်လှူဒါန်း ခဲ့သည်။

နတ်မော် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း စုပေါင်း မဟာ ဘုံကထိန်ကို  ကျွန်းစု မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျားမောင်၏ ကျော်ကျော်ဖြိုး ကုမ္ပဏီမှ မတည် လှူဒါန်းငွေ၊ အများ ပြည်သူ လှူဒါန်းငွေများ ဖြင့် စုပေါင်း ကထိန်ခင်း ကျင်းပခြင်း ဖြစ်သည်။

0 comments: