Monday, November 19, 2012

မြိတ်မြို့၊ ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီှးမှူးကျင်းပသော (၈၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်


မြိတ်မြို့၊ ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီှးမှူးကျင်းပသော (၈၅)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို၊ ဘုရားငါးဆူကွင်း သာသနာ့မြေတွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့ ညနေ (၅) နာရီတိတိအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် ဗဟိုဝန်ဆောင်ဆရာတော် ဘဒ္ဒန္တ၀ိမလ (ကန်သာကျောင်းဆရာတော်) အမှူးပြုသည့် မြို့ပေါ်ရှိ ဆရာတော်ကြီး (၁၅)ပါးမှ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများကို ချီးမြှင့်တော်မူရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ခရိုင်သာသနာရေးမှူး၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး၊ ဗုဒ္ဓဘာသာအသင်းကြီး၏ ဥက္ကဌနှင့် အမှုဆောင်များ၊ ဘုရားပူဇော်ခွင့်ရ ရပ်ကွက်အသီးသီးတို့မှ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညို နာယူကြပါသည်။
          နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဘုရားငါးဆူကွင်း သာသနာ့မြေတွင် ၁၈-၁၁-၂၀၁၂ ရက်နေ့မှ ၂၄-၁၁-၂၀၁၂ ရက်နေ့အထိ (၇)ရက် အပူဇော်ခံကျင်းပပြီးသည့်နောက် ၂၅-၁၁-၂၀၁၂ ရက်နေ့ ည (၆)နာရီ တိတိအချိန်တွင် မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံမည် ဖြစ်ပါသည်။
          ဘုရားငါးဆူ သာသနာ့နယ်မြေတွင် အပူဇော်ခံနေစဉ်အတွင်း ဟန်ဇာမိုးဝင်း မြန်မာ့ဇာတ်သဘင်ဖြင့် ဘုရားဖူးလာ ပရိတ်သတ်များအား ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။




0 comments: