Saturday, November 17, 2012

မြိတ်မြို့ ကန်ကြီးရေကန် တွင် ရေပေါ် အပန်းဖြေ ဥယျာဉ်နှင့် အပျော်စီးဘဲလှေ ဖွင့်ပွဲ အခမ်းအနား ပြုလုပ်

မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ မြစ်ငယ်ရပ်ကွက် ပြည်သူများနှင့် ဦးကျောက်စိမ်း မိသားစုတို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပြုလုပ်ထားသော မြိတ်မြို့ ကန်ကြီးရေကန် ရေပေါ် အပန်းဖြေ ဥယျာဉ်နှင့် အပျော်စီး ဘဲလှေ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ (၁၇)ရက် နံနက် (၀၉၀၀) နာရီတွင် ကန်ကြီးရေကန်ရှိ အပျော်စီး ဘဲလှေဆိပ် တွင် ပြုလုပ်ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင် အရာရှိ ဦးသက်ဦးရှိန် နှင့် မြစ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလေးလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ 

ကန်ကြီးရေကန်ရှိ ရေပေါ် အပန်းဖြေ ဥယျာဉ်နှင့် အပျော်စီး ဘဲလှေ ကို မြိတ်မြို့သူ မြို့သားများ အပန်းဖြေ နိုင်ရေး၊ ကန်ကြီး ရေကန် သန့်ရှင်း သာယာလှပရေး အတွက် ရည်ရွယ်ပြီး ဖွင့်လှစ် ခြင်း ဖြစ်ကြောင်း သိရသည်။

အခု ဖွင့်လှစ်သည့် အပျော်စီး ဘဲလှေမှာ (၁၀) စီး ရှိပြီး စီးနင်း သူများ အန္တရာယ် ကင်းရှင်းရေး အတွက် အသက်ကယ် အင်္ကျီများ၊ အသက်ကယ် ဖောင်များ၊ အသက်ကယ် လှေများ စီစဉ် ပေးထားကြောင်း သိရှိရသည်။ ဘဲလှေ စီးနင်းခ အနေဖြင့် တစ်နာရီလျှင် (၂၀၀၀ိ) ၊ နာရီဝက် (၁၀၀၀ိ) ၊ ၁၅ မိနစ် (၅၀၀) နှုန်းဖြင့် လက်မှတ်များ ၀ယ်ယူပြီး စိတ်ချမ်းမြေ့စွာ စီးနင်း နိုင်ကြောင်း သတင်းရရှိသည်။ 






0 comments: