Friday, November 16, 2012

တိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ မြိတ် (၈၈)မှ အိတ်ဖွင့်ပေးစာ လက်ရောက်ပေးအပ်


၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ရက်နေ့ နံနက် (၇.၁၅) ခန့်တွင် မြိတ်မြို့ တွင်ရောက်ရှိနေသော တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ထံသို့ မြိတ်ခရိုင် ၈၈ မျိုးဆက် ကျောင်းသားများ မှ ကိုလှမော်၊ ကိုအောင်နိုင်ဦး၊ ကိုမိုးသူအောင်တို့ မှ မြိတ်လူထုနှင့် ၈၈ ကျောင်းသားများ၏ မြိတ်ကျောက်မီးသွေး စီမံကိန်းအစား ထားဝယ် ကံဘောက်ဒေသ မှ မဟာဓါတ်အားခွဲ လိုင်းများဆွဲယူပြီး သင့်တော်သည့်ဈေးနှုန်းဖြင့် အသုံးပြုပေးပါရန် အိပ်ဖွင့်ပေးစာအား သွားရောက်ပေးခဲ့ရာ ဝန်ကြီးချုပ် ကိုယ်စား ခရိုင် အုပ်ချုပ်ရေးမှူး ကိုလွင်ကိုဦးမှ လက်ခံရယူ ခဲ့ပြီး အသေချာ ပေးပါမည်ဟု ပြောကြောင်း မြိတ် (၈၈) မျိုးဆက်ကျောင်းသား အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

0 comments: