Sunday, November 25, 2012

(၈၈) မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၌ နေ့ဆွမ်း ဆက်ကပ်ပြီး ပြည်သူနှင့် တွေ့ဆုံ

ဓာတ်ပုံ - news of myeik
မြိတ်မြို့သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သော အဖွဲ့သည် ယနေ့ (၂၅-၁၁-၂၀၁၂) ရက်နေ့ နံနက် (၁၀၃၀) ချိန်ခန့်တွင် မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၌ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ နေ့လည်စာ သုံးဆောင် ပြီးနောက် ပြည်သူ လူထုနှင့် တွေ့ဆုံပွဲကို အဆိုပါ ကျောင်းတွင် ပြုလုပ်ရာ အင်အား (၅၀၀) ဦးခန့် တက်ရောက်ခဲ့သည်။  ပြည်သူ လူထုနှင့် တွေ့ဆုံပွဲတွင် ကိုမင်းကိုနိုင်မှ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များနှင့် တစ်ဦးချင်း မိတ်ဆက်ပေးပြီးနောက် ပြည်သူများအား အကြောက် တရားများ ကင်းဝေးရေး ၊ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရေး တို့အတွက် ပြောကြားကာ ပြည်သူလူထုနှင့် အတူ ဓာတ်ပုံတွဲရိုက်ပြီး  အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

0 comments: