Thursday, November 15, 2012

ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်၍ ပြည်သူလူထု အနေဖြင့် စိုးရိမ် စရာ မရှိကြောင်း ကော့သောင်း (၈၈) အဖွဲ့ ပြောဆို

  ကော့သောင်း (၈၈)အဖွဲ့ ကျောက်မီးသွေး စက်ရုံ လေ့လာစဉ်

  ကော့သောင်း (၈၈)အဖွဲ့ ကျောက်မီးသွေး စက်ရုံ လေ့လာစဉ်

 ကော့သောင်း (၈၈)အဖွဲ့ ကျောက်မီးသွေး စက်ရုံ လေ့လာစဉ်

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ကော့သောင်း (၈၈) မျိုးဆက် ကျောင်းသား အဖွဲ့က ကျောက်မီးသွေး စက်ရုံအပေါ် ထောက်ခံနှင့် ကန့်ကွက် အင်အားစုများ ယှဉ်ပြိုင်မှု ပပျောက်ရေး၊ မြို့လူထု အေးချမ်းစွာ လက်တွဲနေထိုင်ရေးအတွက် အဖြေရှာသည့် အနေဖြင့် ကော့သောင်းမြို့ ရွှေပြည်သာနှင့် အေးရိပ်ငြိမ် ရပ်ကွက်ကြားရှိ သန်းဖြိုးသူ ကုမ္ပဏီ လီမိတက်ပိုင် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံသို့ သွားရောက် လေ့လာပြီးနောက် ၄င်းတို့၏ Facebook https://www.facebook.com/kawthaung88 တွင် တစ်ကမ္ဘာလုံး ခေတ်အဆက်ဆက် (အခုချိန်ထိ)သုံးနေတဲ့ မီးရထားတွဲ ခေါင်းတိုင်က ထွက်နေတဲ့ မဲမဲသဲသဲ ကျောက်မီးသွေး မီးခိုးတွေနဲ့စာရင် ကော့သောင်း မီးစက်က မီးခိုးပြောင်းတိုင်က မီးခိုးငွေ့က မြင်တောင် မမြင်ရပါဘူး ။ စက်ရုံ ဘေးဖက်တနေရာက ထွက်နေတဲ့ အငွေ့အဖြူရောင်တွေကတော့ မီးခိုးမဟုတ်ပဲ ဘွိုင်လာကထွက်တဲ့ ရေနွေးငွေ့များဖြစ်ပြီး ၊ သွားရောက် ရှုရှိုက်ကြည့်ရာ ဘာအနံ့မျှ မထွက်ကြောင်းတွေ့ရပါတယ် ။ ရေနွေးဓါတ်ဗူးအ၀က ထွက်တဲ့ ရေနွေးငွေ့သဖွယ် ဖြစ်ပါတယ် ။ ဘာအနံ့မှ လုံးဝ(လုံးဝ)မရှိကြောင်း အတွင်းရော အပြင်ပါ သွားလေ့လာကြည့်ပြီး ဖြစ်တဲ့ အတွက် ပြည်သူလူထုအနေနဲ့ စိုးရိမ်စရာမရှိကြောင်း အသိပေးလိုပါတယ်။ေ ကာ့သောင်း လျှပ်စစ်ရုံခေါင်းတိုင်က ထွက်တဲ့ မီးခိုးက အားလုံး နားလည်ထားကြတဲ့ မီးခိုးမဲတွေ မဟုတ်ကြောင်း ကျနော်တို့ တတွေ လက်တွေ့ သွားရောက်လေ့လာခြင်းမှ သိလာရပါတယ်။ ထွက်လာတဲ့ မီးခိုးများ အားလုံးကို အဆင့်ပေါင်းများစွာ ဖမ်းစုပ် စစ်ယူပြီးမှ လေထုထဲ လွှတ်ထုတ်ရာမှာ မမြင်ရသလောက် နီးပါးဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ယခုလက်တွေ့ဖြစ်ရပ်ကို နားလည်ရမည့်အစား ၊ ယခင်ဖြစ်ရပ်အဟောင်း အစွဲဟောင်းကို လေနံဒါးထစ်မှတ်ပြီး အပို ကန့်ကွက်နေတာမျိုးနဲ့ ပြည်သူလူထု စိတ်ရှုပ်ထွေးခြင်း ၊ ပဋိပက္ခဖြစ်ခြင်းမျိုး အပိုအလုပ်တွေ မဖြစ်ကြစေရန် ရည်ရွယ်တင်ပြလိုပါသည် ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။

1 comments:

Unknown said...

အလာကားခရိုနီအားပေးအဖွဲ့၈၈အမည်ကိုဘာကြောင့်သုံးတာလည်း။