Thursday, November 1, 2012

သီတင်းကျွတ် ပွဲတော်ရက်များတွင် မြိတ်မြို့ အထင်ကရ နေရများတွင် မီးထွန်းညှိပေးခြင်း မရှိ

ဓာတ်ပုံ - News Of Myeik မှ ရယူပါသည်။


မြိတ်မြို့တွင် သီတင်းကျွတ် ပွဲတော် ရက်များအတွင်း နေအိမ်အသီးသီး ဘုရား ကျောင်းကန်အသီးသီးနှင့် ရပ်ကွက်အလိုက် လမ်းအလိုက် ဆီမီး ထွန်ညှိခြင်း၊ လျှပ်စစ်မီး ရောင်စုံများ ထွန်းညှိခြင်း၊ ရပ်ကွက် အသီးသီး ၊ အဖွဲ့အစည်း အသီးသီး အနေဖြင့် နိဗ္ဗာန်ဈေး ကျွေးမွေး ခြင်းဖြင့် မြိတ်သူ မြိတ်သား များ စုပေါင်း ညီညာစွာ သီတင်းကျွတ်ပွဲတော် ဆင်နွဲကြသော်လည်း တာဝန်ရှိ အစိုးရအဖွဲ့အစည်းများ အနေဖြင့် မြိတ်မြို့ အထင်ကရ နေရာများ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်၊ အာဇာနည်ကျောက်တိုင်၊ ပုလဲရတနာ ခန်းမ အစရှိသည့် နေရာများတွင် မီးထွန်းညှိခြင်း မရှိပဲ ထားရှိသည်ကို တွေ့ရှိရပါသည်။

အဆိုပါ ပန်းခြံ၊ ကစားကွင်း၊ အထိမ်းအမှတ် နေရာများတွင် သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ယူ ဆောင်ရွက်နေသည့် အဖွဲ့အစည်းမှာ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အစည်း ဖြစ်ပြီး မြို့နယ် စည်ပင် သည် မြိတ်သူမြိတ်သားများ ထံမှ ရရှိသော အခွန်၊ အခ၊ အကောက် ငွေများဖြင့် မြိတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေသည့် အစိုးရ အဖွဲ့အစည်း ဖြစ်ပါသည်။

အခါကြီး နေ့ကြီးရက်များတွင် အထူးသဖြင့် ဗိုလ်ချုပ်ကြေးရုပ်တွင်၊ အာဇာနည် ကျောက်တိုင် အစရှိသည့် နေရာများတွင် ခွင့်ပြုမည့် ဆိုပါက မိမိတို့ အစီအစဉ်ဖြင့် လျှပ်စစ်မီး ရောင်စုံ ထွန်းညှိ သွားမည် ဖြစ်ကြောင်း ပြည်သူများက ပြောလျက် ရှိကြောင်း သတင်းရရှိပါသည်

0 comments: