Tuesday, November 27, 2012

ကော့သောင်း ကျောက်မီးသွေး စက်ရုံ ထောက်ခံပွဲ ဒုတိယ အကြိမ် ထပ်မံ ပြုလုပ်

သန်းဖြိုးသူ ကုမ္ပဏီမှ ကော့သောင်းမြို့ ရွှေပြည်သာ ရပ်ကွက်တွင် တည်ဆောက် ထားသည့်  ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံအား ထောက်ခံသည့် အနေဖြင့် ငြိမ်းချမ်းစွာ  စီတန်း လှည့်လည် ပွဲအား ကော့သောင်းမြို့တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက  အင်အား (၂၅၀) ဦးခန့်ဖြင့် ဒုတိယ အကြိမ် ထပ်မံ ပြုလုပ်သည်။ 

အဆိုပါ ထောက်ခံ စီတန်း လှည့်လည်ပွဲသို့ ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  ပါတီဝင်များ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီဝင်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေး ပါတီဝင်များ ပူးပေါင်း ပါဝင် ခဲ့ကြောင်း သတင်း ရရှိသည်။





4 comments:

Unknown said...

မီတာခသက်သာရုံနှင့် ကျေနပ်နေရင် ပြည်သူတွေ ၁၀ စု နှစ်
တခုမှာကျန်းမာရေးနှင့်ပတ်သက်ပြီးဆိုးကကျိုးတွေခံစားရမှာပါ
ထောက်ခံပွဲကလဲ မြိတ် ရော ကော့သောင်းပါ ကျောက်မီးသွေး
ပိုင်ရှင်ကထောက်ခံပွဲအတွက်ကုန်ကျငွေကိုထုတ်ပေးပြီးလုပ်
ခိုင်းနေဒါပါ
ပါတီဆိုဒါနိုင်ငံသားတိုင်းဝင်ခွင့်ရှိတယ် ထောက်ခံပွဲမှာ NLD
ပါတယ်ဆိုပြီထောက်ပြနေလို့မထူးပါဘူး။
ပြည်သူတွေ ကျန်းမာရေး ထိခိုက်မှာသိလျက်နှင့် ၀ိသမလော
ဘသားတွေဆက်လုပ်ရင် သမိုင်းတရားခံလူသတ်သမားကြီး
ကျော်လွင်နှင့်နောက်လိုက်များစာရင်းဝင်သွားမည်။

Unknown said...

အများကိုကောင်းကျိုပြုဖို့ဖွဲ့ထားတဲ့ ၈၈ အဖွဲ့မှာအခုလို
ပြညိသူကိုဂုတ်သွေးစုပ်မည့် ခရိုနီ တ၀က်လောက်ကော့သောင်း
၈၈ မှာပါနေဒါအခုမျက်ဝါူထင်ထင်မြင်နေရပြီ။
အများကိုကောင်းကျိုးမပြုရင်အမြန်ဆုံး ၈၈ ကထွက်ပေးပါလူတွေ
ကိုကျန်းမာရေးဆိုးဝါးဝါးထိခိုက်မည်မှန်သိလျက်နှင့် ဆက်လုပ်နေဒါ
တစ်ဘ၀စံတွေဖြစ်မှာ

Unknown said...

ခွေးသားပိုက်ဆံရှိတိုင်းလူတွေကိုတဖြည်းဖြည်းနဲ့လူညွတ်တုံးအောင်လုပ်နေတာရပ်ပါတော့

Unknown said...

ခွေးသားပိုက်ဆံရှိတိုင်းလူတွေကိုတဖြည်းဖြည်းနဲ့လူညွတ်တုံးအောင်လုပ်နေတာရပ်ပါတော့