Tuesday, November 20, 2012

ယာဉ်မတော်တဆ ဖြစ်ပွားပါက ပြည်သူများက လူနာအား ဆေးရုံသို့ အချိန်မှီ ပို့ဆောင်ပါက ဥပဒေနှင့် ညှိစွန်းမှု မရှိနိုင်

ဓာတ်ပုံ - google


ယဉ်မတော်တဆ ဖြစ်ပွားမှု များတွင် သက်ဆိုင်ရာက မရောက်ရှိမီ တာဝန်သိ ပြည်သူများက လူနာ များအား ဆေးရုံသို့ အချိန်နှင့် တပြေးညီ ပို့ဆောင်ပေးပါက ဥပဒေနှင့် ညှိစွန်းမှု ရှိ / မရှိ  နိုဝင်ဘာလ (၁၅) ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် နတ်တလင်း မဲဆန္ဒနယ်က ဦးရဲထွဋ်ဦး က မေးခွန်းမေးမြန်းရာ အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ 

 ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ... ပြည်သူများ အနေဖြင့် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး  ဥပဒေအရ ဆောင်ရွက်ခွင့် ရှိနိုင်ပါကြောင်း ၊ မှုခင်းဖြစ် အရပ် မပျက်စီးစေရေး အတွက် အမှတ် အသားများ မှတ်သား ထားရှိပြီး လူနာကို နီးစပ်ရာ ဆေးရုံသို့ အချိန်မီ ပို့ပေးပါက ဥပဒေနှင့် ညှိစွန်းမည် မဟုတ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

ထိုသို့ ဖြေကြားနှင့်နှင့် ပတ်သက်ပြီး မြိတ်သူ မြိတ်သား များ အနေဖြင့် မိမိ မျက်စိရှေ့မှောက်တွင် ယဉ် မတော်မဆ ဖြစ်မှုများ ဖြစ်ပေါ်လာပါက ရပ်ကြည့်နေခြင်း၊ ယာဉ်ထိန်းရဲနှင့် ရဲ တပ်ဖွဲ့ဝင်များ  အားစောင့်ဆိုင်း နေခြင်း မပြုပဲ လူနာ အသက်ချမ်းသာရ ရရေးအတွက် အမြန်ဆုံး နီးစပ်ရာ ဆေးရုံသို့
ပို့ပေး သင့်ကြောင်း တိုက်တွန်း ပါသည်။

0 comments: