Monday, November 26, 2012

မကြောက်တရားက သမ္မတ သုံးဆက် ဖြုတ်ချနိုင်ခဲ့ကြောင်း ကိုမင်းကိုနိုင် ပြောကြား

ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း ခရီးစဉ် အဖြစ် မြိတ်မြို့ သို့ ရောက်ရှိနေသော (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သော အဖွဲ့သည် တတိယနေ့ အဖြစ် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကံမော် ကျေးရွာ နှင် စခန်းသစ် ကျေးရွာများသို့ (၂၄-၁၁-၂၀၁၂) ရက်နေ့တွင် သွားရောက် ပြီးနောက် နေ့လည်ပိုင်း၌ ကံမော်ကျေးရွာတွင် ပြည်သူလူထု (၅၀၀) ဦး ခန့်ဖြင့်လည်း ကောင်း ၊ ည (၇း၃၀) နာရီတွင် စခန်းသစ်ကျေးရွာ ဓမ္မာရုံ ပြည်သူ အင်အား (၅၀၀) ကျော်ခန့် ဖြင့် လည်းကောင်း တွေ့ဆုံကာ  ဟောပြောဆွေးနွေး ခဲ့သည်။

အဆိုပါ ပြည်သူနှင့် တွေ့ဆုံပွဲ များတွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်က ကျွန်းစု ဒေသ ပြည်သူများ အနေဖြင့် ခြိမ်းခြောက် မှုတွေ ရှိလာတိုင်း  အကြောက်တရား မထားရန်နှင့် လက်နက် များနှင့် ခြိမ်းခြောက် ရင်တောင် မကြောက်ပဲ ဆောင်ရွက်ခဲ့သည့် အတွက် ၈၈၈၈ အရေးတော်ပုံကြီးမှာ သမ္မတ သုံးဆက်ကို ဖြုတ်ချနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။ 

ပြီးနောက် ကိုကိုကြီး ၊ ကိုမင်းဇေယျာ တို့မှ ဒီမိုကရေစီနှင့် နိုင်ငံရေး အတွေအခေါ် အကြောင်း၊ ပွင့်လင်း လူ့အဖွဲ့အစည်း အကြောင်း ပြောကြား ဆွေးနွေးပြီးနောက် ပြည်သူများ၏ တင်ပြချက် များအား ပြန်လည် ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

 ကံမော်ကျေးရွာ ဟောပြောပွဲ

 စခန်းသစ်ကျေးရွာ ဟောပြောပွဲ






0 comments: