Monday, November 5, 2012

ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ထောက်ခံကြောင်း နိုဝင်ဘာ(၁၀)ရက်နေ့တွင် မြိတ်လူထု စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မည်

မြိတ်မြို့နယ် လော့လော့ကျေးရွာတွင် တည်ဆောက်မည့် (50) MW ကျောက်မီးသွေး စက်ရုံ တည်ဆောက်မည့် လုပ်ငန်းအား ပြီးခဲ့သည့် (၄) ရက်နေ့ တနင်္ဂနွေနေ့တွင် အင်အား (၂၅၀) ဦးခန့်က ကန့်ကွက်ပြီးနောက် အဆိုပါ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တည်ဆောက်မည့် ကိစ္စအား ထောက်ခံကြောင်းနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ကြိုဆိုကြောင်း  မြိတ်ခရိုင် လူထုမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒ ဖော်ထုတ်ခြင်းကို နိုဝင်ဘာလ (၁၀) ရက်နေ့ (စနေနေ့)တွင် မြိတ်မြို့၌ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိ ရသည်။

အဆိုပါ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မှု အတွက် စုဝေးခြင်းနှင့် လှည့်လည် စီတန်း ဆန္ဒ ဖော်ထုတ်ခြင်းကို (၁၀)ရက်နေ့ နံနက် (၇) နာရီတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ပုလဲရတနာ ခန်းမ အရှေ့တွင် စုဝေးပြီးနောက် နံနက် (၈း၃၀) နာရီအချိန်တွင် ပုလဲရတနာ ခန်းမမှ ကမ်းနားလမ်းအတိုင်း  သဲကွင်း ကုန်တိုက်အထိ စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်မည် ဖြစ်ပြီး နံနက် (၁၀) နာရီခန့် အချိန်တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရှိရသည်။

စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ရာတွင် အသုံးပြုမည့် ကြွေးကြော်သံနှင့် ပိုစတာ ၊ ဆိုင်းဘုတ် စာတမ်းများမှာ လျှပ်စစ်ဓာတ်အား ဈေးနှုန်း ကျဆင်းရေး (ဒို့အရေး)၊ လျှပ်စစ်ဓာတ်အား အပြည့်အ၀ ရရှိရေး (ဒို့အရေး)၊ မြိတ်ခရိုင် ဖွံ့ဖြိုးတိုးရေး (ဒို့အရေး) ၊ အလုပ်ရုံ၊ စက်ရုံများ ပေါ်ထွန်းလာရေး (ဒို့အရေး)၊ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး (ဒို့အရေး)၊ အလုပ်လက်မဲ့ ဦးရေ လျော့နည်း ပပျောက်ရေး (ဒို့အရေး)၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှု အောင်မြင်ရေး (ဒို့အရေး)၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုကို (ကြိုဆို ပါသည်/ ထောက်ခံပါသည်) တို့ အသုံးပြုမည် ဖြစ်ကြောင်း ဦးဆောင်နေသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခြင်းနှင့် စုဝေးခြင်းကို ဦးမြင့်စိုး (၆/မအရနိုင်)-133382) ပါရမီ (၁) ရပ်ကွက်နှင့်  ဦးစိုးနိုင် (၆/မအရ(နိုင်)083895) မြိတ်တောင် နယ်မြေ တို့မှ ဦးဆောင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။



3 comments:

Unknown said...

ကန့်ကွက်တာကျတော့အချိန်၁နာရီဘဲ့ပေးပြီးထောက်ခံတာကျတော့အချိန်အများကြီးပေးတာတရားသလား။

Unknown said...

ကန့်ကွက်တာကျတော့အချိန်၁နာရီဘဲ့ပေးပြီးထောက်ခံတာကျတော့အချိန်အများကြီးပေးတာတရားသလား။

Unknown said...

စည်းကမ်းချက်ကအားလုံးအတူတူဘဲ့မဟုတ်ဘူလား၊ခရိုနီတွေအတွက်ဆိုရင်ဘာစည်းကမ်းဘာဥပဒေမမရှိဘူးလား၊ဆိုးကျိုးများတဲ့ဟာကိုထောက်ခံတယ်ဆိုတဲ့လူတွေခင်ဗျားတို့လူတစ်စုကောင်းစားဖို့သဘာဝပတ်ဝန်းကျင်၊ရေနေသတ္တ၀ါ၊ပတ်ဝန်းကျင်လူထုရဲ့အသက်တွေစတေးရမလား။လူဆိုတာအဆိုးနဲ့အကောင်းခွဲခြားတတ်ရတယ်၊မြောက်ပေးတိုင်းကွေးအောင်မကပါနှင့်ဦးမြင့်စိုးနှင့်ဦးစိုးနိုင်တို့ခင်ဗျား။။။။။။။။။။။