Tuesday, November 13, 2012

တနင်္သာရီ ၀န်ကြီးချုပ် မောတောင် နယ်စပ် ကုန်သွယ်ရေးစခန်း သို့ သွားရောက်


တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုသည် နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် ထားဝယ်မြို့မှ မြိတ်မြို့သို့ အမြန်ရေယာဉ်ဖြင့် လိုက်ပါလာပြီးနောက် (၀၈၄၅) အချိန်တွင် အမြန်ရေယာဉ်ဖြင့် တနင်္သာရီမြို့သို့ သွားရောက်ပြီးနောက် တနင်္သာရီမြို့နယ်ရှိ ယိုးဒယား နယ်စပ် မောတောင် ကုန်သွယ်ရေး စခန်းသို့ (၂) ရက်ကြာ သွားရောက် ဖြစ်ကြောင်း သိရှိရသည်။  
တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို၏ မောတောင် ခရီးစဉ်တွင် နှစ်နိုင်ငံ မောတောင် နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်မည့် ကိစ္စ၊ မြိတ် - မောတောင်လမ်း ဖောက်လုပ်မည့် ကိစ္စ၊ တနင်္သာရီ မြို့နယ်အတွင်း ရွှေတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်သည့် ကိစ္စ၊ ညောင်ပင်ကွင်း တံတား တည်ဆောက်မည့် ကိစ္စ များ ဆွေးနွေး ဆောင်ရွက် ဖြည့်ဆည်း ပေးနိုင်ရန် သွားရောက်ခြင်း  ဖြစ်ကြောင်း သိရသည်။ ဦးမြတ်ကိုသည် ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၏ ယိုးဒယားနိုင်ငံသို့ ထားဝယ် ရေနက်ဆိပ်ကမ်း ကိစ္စခရီးစဉ်၊ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး စခန်းဖွင့် လှစ်ရေး ကိစ္စ ခရီးစဉ်တွင် အဖွဲ့ဝင် အဖြစ် လိုက်ပါသွားခဲ့သည်။ 

ဝန်ကြီးချုပ်၏ မောတောင် ခရီးစဉ်တွင် အဖွဲ့ဝင်များ အဖြစ် စီမံ/လုံခြုံ ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ သစ်တော/ သတ္တုဝန်ကြီး ဦးသိန်းလွင်၊ စည်ပင်သာယာရေး ၀န်ကြီး ဦးအောင်ကျော်ကျော်ဦး၊ ကရင်တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးစောဟာဗီ ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး  ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါသွားကြောင်း သတင်းရရှိသည်။

0 comments: