Thursday, November 8, 2012

သဘာဝ ငှက်သိုက်များ တရားမဝင် သယ်ဆောင် လာသည့် စက်လှေ အရေးယူ

မြိတ်ခရိုင် ရဲတပ် ဖွဲ့မှူးရုံး ဒုစရိုက် နှိမ်နင်းရေး အဖွဲ့မှ ရဲအုပ် ချိုလွင်နှင့် တပ်ဖွဲ့ဝင် များသည် မြိတ်မြို့ မြိတ်တောင် နယ်မြေ ရေနံမြေ ရပ်ကွက် အိုးလုပ်ပြင် လမ်းရှိ တနင်္သာရီ တော လှေ ဆိပ် တံတားသို့ ဆိုက်ရောက် လာသော ညောင်ပင်ကွင်း- တနင်္သာရီ- မြိတ် ပြေးဆွဲလျက် ရှိသော အောင်ပြည့်စိုး လိုင်းလှေအား နိုဝင်ဘာ ၄ ရက် ညနေ ၃ နာရီက ရှာဖွေ စစ်ဆေး ခဲ့ရာ စက်လှေ၏ စက်ခန်း အပေါ်ထပ်တွင် စက္ကူ ပါကင်ပုံး လေးပုံးဖြင့် ထည့်ထားသည့် ဇီဝဇိုး ငှက် သိုက်ခွက် စုစုပေါင်း အလေးချိန် ၁၅ ပိဿာ ၅ ကျပ်သားကို တရား မဝင် သယ်ဆောင် လာ ကြောင်း စိစစ်တွေ့ရှိ ရသဖြင့် ယင်းငှက်သိုက် များတင်ဆောင် လာသော အောင်ပြည့်စိုး လိုင်း လှေအား သိမ်းဆည်း ခဲ့ပြီး တရားမဝင် သယ်ဆောင် လာသူ စက်လှေ ပိုင်ရှင်/ စာရေး အောင် ကျော်ဦး ၂၇ နှစ် (ဘ) ဦးတင်မောင် တနင်္သာရီ မြို့နယ် ညောင်ပင်ကွင်း ကျေးရွာ နေသူကို ရဲစ ခန်းမှ (ပ) ၆ဝ၃/ ၂ဝ၁၂ တောရိုင်း တိရစ္ဆာန် များနှင့် သဘာဝ အပင် ကာကွယ် ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၆ (က) အရ အမှုဖွင့် အရေးယူ ဆောင် ရွက်ထား ရှိကြောင်း သတင်း ရရှိသည်။

1 comments:

Unknown said...

ဒီလိုတော့မလုပ်သင့်ဘူးဗျာမရှိလိုလုပ်စားတာအားလုံးအဆင်ပြေအောင်လုပ်သင့်တယ်သယ်တဲ့လူကလဲအဆင်ပြေအောင်လုပ်ပေါ့အေးဗျာအားလုံးအဆင်ပြေကြပါစေစိတ်မကောင်းဘူးဗျာ