Wednesday, November 14, 2012

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ 98B ဆက်လက်တည်ရှိ

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ 98B ဆက်လက်တည်ရှိ
By mmweather.ygn, on November 14th, 2012
http://blog.mmweather.com/2012/11/14/invest-98b-3/

နိုဝင်ဘာလ ၁၄ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် NRL data များအရ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းမှ လေဖိအားနည်းဆဲလ် INVEST 98B သည် ပိုမို အားကောင်းလာခြင်း မရှိပဲ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါသည်။

လေဖိအားနည်း ဆဲလ် 98B သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ရာမှ လွန်ခဲ့သည့် ၆ နာရီအတွင်း တောင် - အနောက်တောင်ဘက်သို့ ချိုးကွေ့ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။ ၄င်း၏ လက်ရှိ တည်နေရာမှာ ပို့ဘလဲယားမြို့ အနောက်တောင်ဘက် ၂၇၅ မိုင်ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်း အနောက်တောင်ဘက် ၄၃၅ မိုင်ခန့်၊ ကော့သောင်းမြို့ အနောက်ဘက် ၆ဝ၅ မိုင်ခန့် နှင့် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အရှေ့-အရှေ့မြောက်ဘက် မိုင် ၇ဝဝ ခန့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပါသည်။

98B 14 Nov 2012 0000Z
Location: 8.9 89.8
Winds: 15 knots
Central Pressure: 1010 hPa

0 comments: