Wednesday, November 21, 2012

(88) မျိုးဆက် ကျောင်းသား ခေါင်းဆောင် အချို့ မြိတ်မြို့သို့ ကြိုတင်ရောက်ရှိ

ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ ၏ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး မြိတ် ကော့သောင်း ခရီးစဉ် အတွက် မြိတ်မြို့သို့  အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် ၂၁-၁၁-၂၀၁၂ နံနက်ပိုင်းတွင် မြိတ်မြို့သို့ ထားဝယ်မြို့မှ တဆင့် အမြန်ရေယာဉ်ဖြင့် လိုက်ပါလာပြီး ကြိုတင်ပြင်ဆင်မှု လုပ်ငန်း များ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

(က) ကိုမာကီး (ခ) ကိုကျော်ကျော်ထွေး - (၈၈)မျိုးဆက်
(ခ) ကိုဇော်မင်း -  (၈၈) မျိုးဆက်
(ဂ) ကိုထက်အောင် - (၈၈) မျိုးဆက်
(ဃ) ကိုဥာဏ်လင်း - (၈၈) မျိုးဆက်
(င) ကိုစောသာထူး - (၈၈) မျိုးဆက်
(စ) စိုင်းဇော်သိုက် ( sky net )
(ဆ) ရဲကျော်သူ (ဂျာနယ်လစ်)
(ဇ) ကိုပြည့်ဖြိုးအောင် (ဂျာနယ်လစ်)
(ဈ) ဦးတင့်လွင် (ဂျာနယ်လစ် )

ကျန်ရှိသည့် ကိုမင်းကိုနိုင် ဦးဆောင်သော အဖွဲ့ဝင်များသည် မြိတ်မြို့သို့  (၂၂-၁၁-၂၀၁၂) (၆း၃၀) အချိန်တွင် လေယာဉ်ဖြင့် မြိတ်မြို့သို့  ရောက်ရှိလာကာ သိမ်တော်ကြီး ဘုရား ဖူးမျှော်ပြီးနောက် ပုလောမြို့သို့ သွားရောက်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

0 comments: