Saturday, November 3, 2012

မြိတ်မြို့တွင် ဒုတိယအကြိမ် ကားမှန်ရိုက်ခွဲသူ (၂) ဦးအား ဖမ်းဆီးနိုင်ခဲ့


          ၂၀၁၂ ရက်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ အလွန် နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၀၁း၃၀) အချိန်ခန့် မြိတ်မြို့ ရပ်ကွက်များ အတွင်း မူးယစ် ရမ်းကားပြီး ကားမှန်များ ရိုက်ခွဲ ဖျက်ဆီးခဲ့သူ နှစ်ဦးဖြစ်သည့် ထိန်လင်းအောင် (၁၇)နှစ်၊ (ဘ) ဦးစောမာသဲ ၊ အမှတ်(၁၂) ခရူတော တောင်ပေါ် လမ်းသွယ်(၉) နှင့် လင်းဌေး (ဘ) ဦးဆာလင် ၊ ခရူတော တောင်ပေါ် လမ်းသွယ် (၇) ၊ ကန်ဖျားခ ရူတော ရပ်ကွက်နေ (၂)ဦးအား မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ ပြည်သူများနှင့် ပူးပေါင်း ဖမ်းဆီးရမိပြီး ၄င်းတို့ နှစ်ဦးအား မြို့မရဲစခန်းမှ ((ပ)၅၉၆၊ ပြစ်မှုဆိုင်ရာပုဒ်မ - ၃၃၆/၄၂၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်းနှင့် လင်းဌေးအား မြိတ်မြို့ မြို့မ ရဲစခန်းတွင် ဖမ်းဆီး ထားပြီး ထိန်လင်းအောင်မှာ ကားမှန် ရိုက်ခွဲပြီးနောက် ကန်ကြီး ရပ်ကွက် သာကေတ (၁) လမ်းတွင် ဆိုင်ကယ် တိမ်းမှောက်မှု ဖြစ်ပွားကာ ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တက်ရောက် ကုသခံ လက်ရှိကြောင်း ၊ ၄င်းတို့ ၂ ဦး မောင်းနှင် လာသည့် ဆိုင်ကယ်မှာ ယာဉ်အမှတ်မရှိ - ဝေဖ့် -၁၀၀၊ ခဲ/ရွှေရောင် ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
ယခင်သတင်းအား ပြန်ဖတ်ရန် - http://myeiknews.blogspot.com/2012/11/blog-post_1.html

0 comments: