Sunday, November 25, 2012

မြိတ်မြို့ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ ၊ ပြည်သူလူထုများ ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် စည်းကားစွာ ပြုလုပ် ကျင်းပ

မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီး၍ မြိတ်မြို့ ပေါ်ရှိ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ ၊ လုပ်ငန်းရှင်များ ပြည်သူလူထုများ စုပေါင်း၍ ဒုတိယ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် လှည့်လည်ပွဲအား (၂၃-၁၁-၂၀၁၂) ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ပေါ် ရှိ ရပ်ကွက် များသို့ မော်တော်ယာဉ်ဖြင့် ပဒေသာပင်များ တင်ဆောင်ပြီး တပျော် တစ်ပါး လှည့်လည် ကြသည်။

(၂၄)ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်ကြီးရှိ ဓမ္မဗိမာန်တွင် ဆရာတော် သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ် ၀တ္ထုများ ဆက်ကပ်လှူဒါန်း ခြင်း၊ ကထိန် တရားတော်များ နာယူပြီး သံဃာတော်များ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေး ခြင်း တို့ ပြုလုပ်ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေး အဖွဲ့အစည်းများ ၊ ပြည်သူလူထုများ ၊ လုပ်ငန်း ရှင်များ တက်ရောက် ကြည်ညို ကြပါသည်။

ဒုတိယ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် တွင် ပဒေသာပင် (၆၈) ပင်အား မြိတ်မြို့ ပေါ်ရှိ  ကျောင်းတိုက် (၆၂) တိုက်သို့ စာရေးတံမဲချ လှူဒါန်းခဲ့ကြောင်း နှင့် လှူဒါန်းမှု စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် သိန်း (၇၀) နီးပါးခန့် ရှိကြောင်း သတင်းရရှိပါသည်။ 


  




  

0 comments: