Monday, November 5, 2012

တနင်္သာရီမြို့တွင် နဂါးလှေတော် နှင့် ဧဇာ ယဉ်ကျေးမှု ဖော်ထုတ်ပွဲ ပြုလုပ်

တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့၏ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ် ဓလေ့ထုံးတမ်း များအား အခါအားလျော်စွာ မြို့နယ် အတွင်းရှိ ဆရာတော်ဘုရားကြီးများ ၊ တာဝန်ရှိသူများ၊ တာဝန် သိသူများက သာသနာရေး အခမ်းအနားများတွင် ဖော်ထုတ်လျက် ရှိရာ တနင်္သာရီမြို့ ချောင်းကြီးကျောင်းတိုက် မဟာ ဘုံကထိန် အထိမ်း အမှတ်တွင် နှစ်ပေါင်းများစွာ ဆောင်ရွက်တည်ရှိခဲ့သော နဂါးလှေတော်နှင့် ဧဇာ(အေဇာ) လှေတော်တေး ဖော်ထုတ်ခြင်း အခမ်းအနားအား တနင်္သာရီမြို့ တနင်္သာရီ မြစ်ရိုးတွင် (၃-၁၁-၂၀၁၂) စနေနေ့ နံနက် (၀၈၀၀) နာရီမှစတင် ပြုလုပ်ခဲ့ရာ မွန်းလွဲ (၂း၃၀) နာရီအချိန်တွင်ပြီးစီးခဲ့သည်။ အခမ်းအနားတွင် နဂါးလှေ (၅)စင်းမှ တနင်္သာရီမြို့ ရှိ ရှေ့ဟောင်း ဘုရား စေတီများနှင့် ဆရာတော် သံဃာတော်များကို တနင်္သာရီ မြစ်အတွင်းမှ လင်္ကျာရစ် လှည့်လည် အလှပြ လှော်ခတ် ပူဇော်ကြပြီး နဂါးလှေ အလှပြ လှော်ခတ်ရင်း တိမ်မြှုပ် ပျောက်ကွယ်စ ပြုနေပြီ ဖြစ်သည့် ဧဇာ (အေဇာ) လှေတော်တေးသံများ ဟစ်ကြွေး သီဆိုကြပါသည်။

နဂါးလှေတော် အလှပြ ပူဇော် လှော်ခတ်ရာတွင် လှေတော်သား (၁၃) ဦးပါဝင်သည့် တနင်္သာရီမြို့မှ မြလုံးနောင် လှေတော်၊ လှေတော်သား (၃၈) ဦးပါဝင်သည့် လယ်သ စ်ကျေးရွာ ကျောင်းကြီးမှမြကြီးအောင် လှေတော်၊ လှေတော်သား (၄၂) ဦးပါဝင်သည့် လယ်သစ် ကျေးရွာ ကျောင်းကြီးမှ ရန်ကြီးအောင် နဂါးလှေတော်၊ လှေတော်သား (၄၂) ဦး ပါဝင်သည့် လယ်သစ်ကျေးရွာ အရှေ့ကျောင်းမှ စိန်ပန်းသွယ် နဂါးလှေတော်၊ လှေတော်သား (၄၂) ဦးပါဝင်သည့် လယ်သစ် ကျေးရွာ အရှေ့ကျောင်းမှ ပတ္တမြားသွယ် နဂါးလှေတော် တို့သည် ဧဇာ(အေဇာ) လှေတော်တေးသီချင်းများ ဟစ်ကြွေး သီဆိုရင်း အလှပြ ပူဇော် လှော်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 




0 comments: