Monday, November 5, 2012

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ မြိတ် ကော့သောင်း ခရီးစဉ် နိုဝင်ဘာ ၂၂ စမည်

ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများ မြန်မာနိုင်ငံ အနှံ့ ပေါ်ထွက်လာပြီး လူထု

အခြေပြု အဖွဲ့စည်းများ ဒီမိုကရေစီ အခြေခံ အုတ်မြစ် ဖြစ်လာရန် ရည်ရွယ်ချက်ဖြင့် ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် မြန်မာနိုင်ငံ အနှံ့သို့ ခရီးထွက်ခွာပြီး လူထုနှင့် တွေ့ဆုံလျက် ရှိရာ လာမည့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင် ခရီးစဉ်အတွက် မြိတ်မြို့သို့ လာရောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ခရီးစဉ်တွင် ၂၂ ရက်နေ့၌ မြိတ်မြို့ သိမ်တော်ကြီး ဘုရား ဖူးမျှော်ပြီး ပုလောမြို့ လူထု တွေ့ဆုံခြင်း၊
၂၃ ရက်နေ့တွင် မြိတ်မြို့ ကန်ဖျားရပ် ကြံတောလမ်းရှိ ဦးစောဂျက် ခန်းမ၌ နေ့လည် (၂)နာရီခန့်တွင် လူထုနှင့် တွေ့ဆုံခြင်း၊ ၂၄ ရက်နေ့ တွင် ကံမော်ကျေးရွာနှင့် စခန်းသစ် ကျေးရွာ လူထုနှင့် တွေ့ဆုံခြင်း၊
၂၅ ရက်နေ့တွင် မြိတ်မြို့ လူထု၊ နိုင်ငံရေးပါတီများ၊ အခြား အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊
၂၆ ရက်နေ့တွင် တနင်္သာရီမြို့ လူထု၊ ဘုတ်ပြင်းမြို့ လူထူနှင့် တွေ့ဆုံ ခြင်း၊ ၂၇ ရက်နေ့တွင် ကော့သောင်း ၈၈ မျိုးဆက် များနှင့် တွေ့ဆုံခြင်း၊ ၂၈ ရက်နေ့တွင် ကော့သောင်းမြို့ လူထုနှင့် တွေ့ဆုံခြင်းပြီး ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာရန် စီစဉ် ထားကြောင်း မြိတ်ခရိုင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ထုတ်ပြန် ထားသည်။




0 comments: