Tuesday, November 6, 2012

ကျောက်မီးသွေး အကွဲအပြဲ စတင်ပြီလော

 ကျောက်မီးသွေး အကွဲအပြဲ စတင်ပြီလော
ပေါ်ပြူလာဂျာနယ် မှ ကူးယူ ဖော်ပြပါသည်။

ဒေသခံများ နှစ်ရှည်ဆန့်ကျင် ကန့်ကွက်လာခဲ့သော ကော့သောင်း ကျောက်မီးသွေး စက်ရုံကို ထောက်ခံသည့် ဆန္ဒပြပွဲတစ်ခု ပြီးခဲ့သည့် ရက်ပိုင်းက ပေါ်လာပြီး ကျောက် မီးသွေးဆိုင်ရာ သဘောထားကွဲလွဲမှု စတင်နေပြီ ဖြစ်သည်။ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ အဓိက ခရိုင်မြို့ကြီးသုံးခု ဖြစ်သော ထားဝယ်၊ မြိတ်နှင့်ကော့ သောင်း ဒေသတို့တွင် ကျောက်မီး သွေးသုံး ဓာတ်အားပေး စက်ရုံများ အသီးသီး တည်ဆောက်ရန် စီစဉ်၊ တည်ဆောက် လည်ပတ်ခဲ့သည်။ ကော့သောင်းတွင် စတင် စမ်းသပ် လည်ပတ်နေပြီဖြစ်ပြီး မြိတ် ဒေသတွင် စတင်တည်ဆောက်ရန် စီစဉ်လျက် ရှိသည်။ ထားဝယ်ဒေသတွင် တည်ဆောက်ရန် စီစဉ်ထား သည့် မဂ္ဂါဝပ် ၄ဝဝဝ ကျောက်မီး သွေးသုံး ဓာတ်အားပေးစက်ရုံမှာ လူထုကန့်ကွက်မှုကြောင့် ယခုနှစ် ဆန်းပိုင်းတွင် အစိုးရက ရပ်နားခဲ့သည်။ ယင်းတို့အနက် ကော့သောင်းတွင် ထင်ရှားသော အမြင် ကွဲလွဲမှု စတင်ထွက်ပေါ်လာပြီး မည်သည့် အရွေ့စတင် ပေါ်လာမည်နည်းဆို သည်မှာစိတ်ဝင်စားဖွယ်ရာဖြစ်သည်။

ဆန့်ကျင် ထို့နောက် ထောက်ခံ
ကော့သောင်းမြို့တွင် လူဦးရေ ၅ဝ ဖြင့် ‘ဆန့်ကျင်’ ဆန!္ဒပြခွင့် တရားဝင်ရရှိသည့် ဆန္ဒပြပွဲအပြီး ၈ ရက်အကြာ ကျောက်မီးသွေးစက်ရုံ ‘ထောက်ခံ’ ဆန္ဒပြပွဲတစ်ရပ် ပေါ် လာသည်။ မြန်မာနိုင်ငံတောင်ဖျား နယ် စပ်ဒေသ ကော့သောင်းတွင် လျှပ် စစ်မီတာခ ဈေးနှုန်းကြီးမြင့်စွာ ပေး ဆောင်နေရသည်ကို အကြောင်းပြု ၍ ပလုံးတုံတောင်း ကျေးရွာ လူထု အချို့နှင့် ကော့သောင်းမြို့ခံအချို့ ပါဝင်ကာ အင်အား ၂ဝဝ ဦးမှ ကျောက်မီးသွေး ဓာတ်အားပေးစက် ရုံအား ထောက်ခံသည့် ဆန္ဒထုတ် ဖော်ပွဲတစ်ရပ်ကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ဆန္ဒထုတ်ဖော်ပွဲကို ကော့ သောင်း မြို့မရပ်ကွက်တစ်ခု ဖြစ် သော ပိတောက်ရွှေဝါရပ်ကွက်၊ Garden ဟိုတယ်အနီးရှိ စည်ပင် ရုံးအနီးမှ စတင်ထွက်ခွာပြီး မြို့မ ရပ်ကွက် ငါးခုသို့ နှစ်နာရီကြာခန့် လှည့်လည်ခဲ့သည်။ ထောက်ခံသည့် အကြောင်း ရင်းမှာ လက်ရှိသုံးစွဲနေသော လျှပ်စစ်မီတာ ခအောက် လေးဆကွာခြား သောကြောင့်။ ကျောက်မီးသွေးသုံး လည်ပါက လက်ရှိနှုန်း တစ်ယူနစ် ကျပ်ရှစ်ရာအစား ကျပ်နှစ်ရာဖြင့် ရ မည်ဆိုသောကြောင့်ဟုသိရသည်။

”ထုတ်လုပ်မှုအဆင့် ရောက် ရင်ဈေးထပ်လျှော့ဦးမယ်။ ဒါကြောင့် ထောက်ခံတယ်”ဟု ယင်းဆန္ဒ ထုတ်ဖော်ပွဲအားဦးဆောင်သူ ပလုံး တုံတောင်းရွာခံ ဦးခင်အောင်က ပြောသည်။ ပလုံးတုံတောင်း ကျေးရွာမှာ ကျောက်မီးသွေးစက်ရုံ တည်ရှိသော ကော့သောင်းမြို့နှင့် ၇ မိုင်ခန့် အကွာတွင်ရှိသော ရေလယ်ကျွန်း ရွာတစ်ရွာ ဖြစ်သည်။

ဆန္ဒထုတ်ဖော်သူများက ‘မီး ဖိုချောင်အတွင်း ပြေလည်ရေး ကျောက်မီးသွေးဓာတ်အား သုံးစွဲ ပေး’၊ ‘လုပ်ကိုင်ခွင့်လမ်း အဆင်ပြေ ရေး ကျောက်မီးသွေး စက်ရုံလည် ပတ် ပေး’၊ ‘ကော့သောင်းဒေသ ဖွံ့ဖြိုးရေး ကျောက်မီးသွေးစက်ရုံ အမြန်လည်ပတ်ပေး’ ဟု ကြွေး ကြော်ကြပြီး သန်းဖြိုးသူ သတ္တုတွင်း လုပ်ငန်းကုမ္ပဏီမှ ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားကို အသုံးပြု လိုပါသဖြင့် စက်ရုံအား အမြန်ဆုံး လည်ပတ်၍ ဖြန့်ဖြူးပေးပါရန် တောင်းဆိုကြသည်။ ယင်းထောက်ခံ ဆန္ဒပြပွဲတွင် ပလုံးတုံတောင်းမှ ဒေသခံများ၊ ကော့သောင်းမြို့ပေါ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များ၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပါဝင်ကြောင်း ထောက်ခံပွဲ ဦးဆောင်သူ ဦးအောင် ခင်ထံမှ သိရသည်။ ကော့သောင်းအမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ဆန့်ကျင်ဆန္ဒ ပြပွဲ ပါဝင်ခြင်းမရှိခဲ့ဘဲ ကော့သောင်း ကျောက်မီးသွေးစက်ရုံ ကိစ္စတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု အောက် တိုဘာလ ၃ ရက်နေ့တွင် မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်မှ ကြေညာချက် ထုတ်ပြန်ထားသည်။ ”ပါတီဝင်တွေပါပေမယ့် ပါတီ ကို ကိုယ်စားပြုပြီးပါဝင်တာ မဟုတ် ဘူး။ ကျေးရွာလူထု အကျိုးအတွက် ပါဝင်တာပါ”ဟု ဦးခင်အောင်က ဆိုသည်။

ယင်း ထောက်ခံဆန္ဒပြပွဲကို ကျောက်မီးသွေးစက်ရုံ လည်ပတ်နေသည့် သန်းဖြိုးသူကုမ္ပဏီ တစ်နည်း တစ်ဖုံပါဝင်ကြောင်း ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ တိုင်းစည်းရုံး ရေးမှူး ဦးသန်းထွန်းက စွပ်စွဲသည်။ ဦးသန်းထွန်းမှာ ကျောက်မီး သွေးစက်ရုံကို တောက်လျှောက်ဆန့် ကျင်ကန့်ကွက်မှုများတွင် ဦးဆောင် ခဲ့သူ ဖြစ်သည်။ ”ကားကြို/ပို့ နဲ့ အစားအ သောက် အကျွေးအမွေးတွေကို သန်းဖြိုးသူကုမ္ပဏီက ကမကထ ပြုတယ်”ဟု ဦးသန်းထွန်းက ပြောသည်။ သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီအနေနှင့် ပါဝင် ပတ်သက်မှု မရှိကြောင်း ကျောက် မီးသွေးစက်ရုံမန်နေဂျာ ဦးလှမော် က ပြောကြားသည်။ ”ဒါက သက်သက်မဲ့ စွပ်စွဲတာ ပါ”ဟု ဦးလှမော်က ဆိုသည်။

အုပ်စု နှစ်စု အလွန်
ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့ ဦးဆောင် ဆန့်ကျင်ဆန္ဒပြ ပြီး ရက်ပိုင်းအကြာ ကျေးရွာတစ်ခုက ဦးဆောင်ပြီး NLD  နှင့် ကြံ့ခိုင်ရေး ပါတီဝင်တို့ ပါဝင်သော ထောက်ခံ ဆန္ဒပြပွဲဖြစ်ပေါ်နေချိန်တွင် မကြာ သေးမီက ဖွဲ့စည်းထားသော ကော့ သောင်းအခြေစိုက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကမူ ‘ကြားနေ’ ဦးမည်ဟု ဆိုသည်။ ”ဘယ်လောက်အထိ ဆိုးရွား မှုရှိတယ်။ လူထုအပေါ် ကောင်း ကျိုး၊ ဆိုးကျိုးတွေ ဘယ်လောက် ရှိနေလဲဆိုတာ စောင့်ကြည့် စေချင်တယ်။ စက်ရုံလည်ပတ်ပြီး ဆိုးကျိုး တွေ့မှပြောရင် ကောင်းလိမ့်မယ် ထင်တယ်”ဟု ၈၈ မျိုးဆက်ကျောင်း သားများအဖွဲ့(ကော့သောင်း) မှ ဦးမင်းလွင်က ပြော သည်။ ၈ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ် အားပေး စက်ရုံတည်ရှိရာ ကော့သောင်းမြို့ပေါ်နှင့် ၇ မိုင်ကွာဝေး သော ပလုံးတုံတောင်း ကျေးရွာမှ ရွာခံများဦးဆောင်ကာ စက်ရုံကို ထောက်ခံနေသော်လည်း ယင်းစက် ရုံအနီး နေထိုင်သူအချို့ကမူ စက်ရုံ မရှိစေလိုကြောင်း ပြောသည်။ ကျောက်မီးသွေး   လောင်စာဖြင့် လည်ပတ်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပါက ဈေးသက်သာသော်လည်း စက်ရုံအနီး နေထိုင်သူများကို အန္တရာယ်ရှိနိုင်သဖြင့် မထောက်ခံ ကြောင်း ကော့သောင်း အမေ့အိမ် ပညာဒါန ပညာရေးကွန်ရက်မှ ဘဏ္ဍာရေးမှူး ဦးကြင်စံက ပြောဆိုသည်။ ”ကျောက်မီးသွေး စက်ရုံ အကြောင်း သူတို့ (ထောက်ခံဆန္ဒ ပြသူများ) မသိဘူး။ ဈေးအရမ်း သက်သာတာလည်း ပါတယ်။ ဝေး လည်း ဝေးတယ်။ နီးတဲ့သူတွေက တော့ မကြိုက်ကြဘူး”ဟု ဦးကြင်စံ က ပြောသည်။ ထိုင်း-မြန်မာ နယ်ခြား ပါချန် မြစ်ကမ်းနံဘေးတွင် ၂ဝ၁၁ ခုနှစ် ကတည်းက တည်ဆောက်ခဲ့သော ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို စတင်မလည်ပတ်မီက တည်းက ပါတီအချို့ ခေါင်း ဆောင်ကာ ဒေသခံများ လက်မှတ်ရေးထိုး အကြိမ်ကြိမ် ကန့်ကွက်ခြင်း၊ တိုင် ကြားခြင်း၊ ဆန္ဒပြကန့်ကွက်ခြင်း တို့ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ကျာက်မီးသွေးသုံး စက်ရုံကို ယခုလဆန်းတွင် ပြန်လည်စမ်းသပ် လည်ပတ်ခဲ့ပြီး အသံ၊ အနံ့ စသည် တို့ မထွက်ရှိခဲ့ကြောင်း ကျောက်မီး သွေးစက်ရုံမန်နေဂျာ ဦးလှမော်က ပြောဆိုထားသည်။ စက်ရုံ သည် အစိုးရက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ပတ်ဝန်းကျင် ထိခိုက်မှုရှိသည် ဆိုပါက ပိတ် သိမ်းခံရမည်သာဖြစ်ကြောင်း ဦးလှမော်က ဆိုသည်။ ”ထောက်ခံသည်ဖြစ်စေ၊ ကန့် ကွက်သည်ဖြစ်စေ ထိခိုက်မယ်ဆို အပိတ်ခံရမှာပဲ”ဟုသူကဆိုသည်။

အကွဲအပြဲ
ဆိုးကျိုးကို မလိုလားသဖြင့် စက်ရုံအနီးနှင့် မြို့ခံအချို့က ကန့် ကွက်သည်။ သို့သော် အချို့ကလျှပ် စစ်မီး ဈေးနှုန်းသက်သာစွာဖြင့် သုံး စွဲနိုင်ရန် စက်ရုံကိုထောက်ခံသည်။
ဤတွင် ကစားပွဲများ စလာသည်။ ဖွံ့ဖြိုးတိုးတက်မှုများနှင့် အတူ ယင်း၏ ဆိုးကျိုးများကိုပါ အချို့ ဒေသများတွင် ခံစားနေရသော ထိုင်းနိုင်ငံတွင်မူ ယင်းကဲ့သို့သော အနေအထားသည် ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် လူမှုအဖွဲ့ဖြစ်သော Healthy Public Policy Foundation မှ သုတေသီ မစ္စတာ ဆူဖာခစ် နမ် တဗိုရာခမ်က ပြောဆိုသည်။ ရေနက်ဆိပ်ကမ်း၊ သတ္တုတွင်း၊ စွမ်းအင် စသည့် စီမံကိန်းများကို ဆန့်ကျင်သည့် အဖွဲ့တစ်ခုရှိပါက ကန့်ကွက်သည့်အဖွဲ့တစ်ခု ရှိဆဲ ဖြစ်ကြောင်း ၄င်းက ဆိုသည်။ စက်ရုံလည်ပတ်ခွင့် ပြု မပြု ကို တာဝန်ရှိသူများက ပညာရှင်များ၊ ဒေသခံများနှင့် ညှိနှိုင်းတိုင်ပင်ပြီးမှ သာလုပ်ကိုင်သင့်သော်လည်း ယင်း ကိစ္စရပ်များ လုပ်ကိုင်ခဲ့ခြင်း မရှိ သဖြင့် ထိုကဲ့သို့သော ဆန္ဒပြကန့် ကွက်မှုများ ဖြစ်ပွားရခြင်းဖြစ် ကြောင်းဦးကြင်စံကသုံးသပ်သည်။ ဦးကြင်စံကဲ့သို့ပင် မစ္စတာ ဆူဖာခစ်၊ ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ (DDA) မှ ဦးသန့်ဇင်တို့တွင်လည်း တူညီသော အမြင်ရှိသည်။ စီမံကိန်းစတင်စဉ်က ပွင့်လင်း မြင်သာမှု မရှိခဲ့သဖြင့် ထိုသို့သော ‘အုပ်စုကွဲ’ ပြဿနာများ ဖြစ်ပွား ရခြင်းဖြစ်ပြီး အားလုံး သဘော တူညီသော ဆန္ဒဖြင့် လုပ်ဆောင်ခဲ့ ခြင်းလည်း မဟုတ်ကြောင်း ဦးသန့် ဇင်က ဆိုသည်။ အုပ်စုကွဲ အနေအထားများကို ရှောင်လွှဲနိုင်ရန် အစိုးရနှင့် သက် ဆိုင်ရာ စီမံကိန်း တာဝန်ရှိသူများ အနေနှင့် သတင်းအချက် အလက် မျှဝေခြင်း၊ စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခြင်းတို့ဖြင့် လူထု အကြား လုံလောက်မျှတသော သတင်း အချက်အလက်ရရှိရန် လုပ်ဆောင် ပေးသင့်ကြောင်း မစ္စတာဆူဖာခစ် က ပြောသည်။ ”သတင်း အချက်အလက် ကန့်သတ်မထား၊ လူထုပါဝင်မှုကို ကန့်သတ်မထားဘူး။ အဲလိုနည်း တွေနဲ့ မြန်မာပြည်မှာ ဒီလိုမျိုး အုပ် စုကွဲ အနေအထားတွေ မဖြစ် အောင် ရှောင်နိုင်ပါတယ်” ဟု သူက ဆိုသည်။ သို့သော် ယနေ့အချိန် ကော့ သောင်းတွင် နှစ်အုပ်စု စတင်ကွဲ ယောင် ပြလာသည်။ မြို့နှင့် ၇ မိုင်ကျော်အကွာရှိ ပလုံးတုံတောင်းမှ ရွာခံများက လျှပ်စစ်မီး ဈေးနှုန်းသက်သာရေး ရည်မှန်းကာ စက်ရုံကို ထောက်ခံသည်။ စက်ရုံအနီး နေထိုင်သူများမှာ ဘေးထွက် ဆိုးကျိုးများကို စိုးရိမ် ကန့်ကွက်သည်။ များစွာသော ကန့်ကွက်သူ များတွင် စက်ရုံအနီး နေထိုင်သူ ဒေါ်ခင်မျိုးလဲ့လည်း တစ်ဦးအပါ အဝင် ဖြစ်သည်။ ”ပလုံးတုံတောင်းက လက်ခံရင် စက်ရုံကို ပလုံးတုံတောင်းကို ပြောင်းဖို့လိုတယ်။ သူတို့က ဝေးနေတဲ့သူ ဆိုတော့ဘယ်သိမလဲ။ ကိုယ် ခံစားရတာကိုယ်ပဲ သိတယ်”ဟု သူမက ထုတ်ဖော်ပြောဆိုသည်။ ထိုကဲ့သို့သော ဆန္ဒပြမှုများ၊ တန်ပြန်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ် လာခြင်း သည် အဖွဲ့အစည်းအတွင်း ကောင်းမွန်သော လက္ခဏာ မဟုတ် ဘဲ အချင်းချင်း ‘ကွဲ’ရန် အကြောင်း ရင်းဖြစ်လာနိုင်ကြောင်း ဦးသန့်ဇင် က ဆိုသည်။ ”ကွဲပြားရာကနေ ရန်လိုတဲ့ အထိ ရောက်နိုင်တယ်” ဟု သူက ထပ်ပြောသည်။ ဆန့်ကျင်အုပ်စုမှာ လက်မလျှော့သေး။ လူထုအင်အား ၂၅ဝ ဖြင့် စက်ရုံကို ကန့်ကွက်ဆန္ဒပြရန် တရားဝင် လျှောက်ထားနိုင်ရေး အတွက် စက်ရုံတည်ရှိရာ ရွှေပြည်သာ ရပ်ကွက်ရှိဒေသခံ ဦးအောင်ဝင်း၏ ဦးဆောင်မှုဖြင့် စီစဉ်နေသည်ဟု သိရသည်။

2 comments:

Unknown said...

ဒီမိုကရေစီလေ လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်
တပါးသူကိုအကြောင်းမဲ့မထိခိုက်ဖို့လိုတယ်
မိမိဆန္ဒအများဆန္ဒတိုက်ဆိုင်ရရဲရဲလုပ်ပါ

Unknown said...

ဒီမိုကရေစီလေ လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်
တပါးသူကိုအကြောင်းမဲ့မထိခိုက်ဖို့လိုတယ်
မိမိဆန္ဒအများဆန္ဒတိုက်ဆိုင်ရရဲရဲလုပ်ပါ