Monday, November 26, 2012

နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်မြတ်များ မြိတ်မြို့တွင်း သို့ ဒေသစာရီ ကြွချီ အပူဇော်ခံ မြိတ်မြို့လုံးကျွတ် ဖူးမြော် ကြည်ညို


မြိတ်မြို့ ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူး ကျင်းပသော (၈၅) ကြိမ် မြောက် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဒ ပူဇနိယ ပွဲတော်ကြီးတွင် မြိတ်မြို့ ဘုရားငါးဆူကွင်းရှိ ယာယီ စံကျောင်းတွေတွင် ကိန်းဝပ်  အပူဇော် ခံတော်မူနေသည့် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဒ ရုပ်ပွားတော်မြတ်များသည် (၂၅-၁၁-၂၀၁၂)  ရက်နေ့ ညနေ (၆) နာရီခန့်တွင် ယာယီ စံကျောင်းတော်မှ မြိတ်မြို့တွင်း သို့ ဒေသစာရီ  လှည့်လည် အပူဇော်ခံ ကြွချီ လာရာ မြိတ်မြို့နှင့် ၀န်းကျင်ဒေသများမှ ဗုဒ္ဓဘာသာဝင်များသည် မြို့လုံးပြည့်မျှ ဖူးမြော် ကြည်ညိုကြသည်။

ဒေသစာရီ ကြွချီတော် မူရာတွင် ပထမဦးစွာ ဆော်သြရေး မော်တော်ယာဉ်၊ ရှေ့ပြေး မော်တော်ဆိုင်ကယ်၊ သာသနာ့ အလံကိုင်အဖွဲ့ တို့ ဦးစွာ စီတန်းပြီးနောက် ပွင့်စဉ် (၁) ပူဇော်ခွင့် ရရှိသည့် မြိတ်မြို့ ရေနံမြေရပ် စည်တော် မင်္ဂလာယိမ်း တို့ဖြင့် ကြိုဆို ပင့်ဆောင်ကာ ပွင့်စဉ် နံပတ်အလိုက် မြို့တွင်း သို့ ဒေသစာရီ ကြွချီ ပြီးနောက် နောက်ဆုံးတွင် ပျော်စရာဒိုး၊ ပုဏ္ဏားယိမ်း၊ ဇော်ဂျီ ယိမ်းတို့ဖြင့် ဖျော်ဖြေကြသည်။

ဒေသစာရီ ကြွချီရာ လမ်းတစ်လျှောက်တွင်လည်း ရပ်ကွက် အလိုက် ၊ အသင်း အဖွဲ့အလိုက် အပြင် စေတနာရှင်များမှ မုန့်ပဲ သရေစာ စသည့် အကျွေးအမွေး ဖြင့် ဧည့်ခံခြင်း ၊ ဆီမီး ၊ အမွှေးတိုင်၊ ပန်း၊ ရေချမ်း ၊ သစ်သီးများ ကပ်လှူပူဇော်ခြင်း၊ သီချင်းများ၊ အက  အလှဖြင့် ဧည့်ခံ ပူဇော် ခြင်းများ၊ နေအိမ်များတွင်တွင် ရောင်စုံ လျှပ်စစ်မီးများ ထွန်းညှိ ပူဇော် ခြင်းတို့  ပြုလုပ်ခဲ့ရာ မြိတ်မြို့ တစ်မြို့လုံး ညလုံးပေါက် စည်းကား သိုက်မြိုက်ခဲ့ကြောင်း သိရှိရသည်။




  







0 comments: