Thursday, November 15, 2012

လက်စွမ်းပြ ဓားခုတ်မှုများကြောင့် မြိတ်လူထု ထိတ်လန့်နေ

ဓာတ်ပုံ - News of Myeik မှ ရယူပါသည်။


ပြီးခဲ့သည့် ရက်သတ္တ (၂) ပတ်အတွင်း ညပိုင်း အချိန်များတွင် မြိတ်မြို့ လေယာဉ်ကွင်းလမ်း၊ မြေနီလမ်း၊ ကန်ဖျား လမ်းမကြီးနှင့် ကမ်းနားလမ်း သဲကွင်း တို့တွင် အမည်မသိ လူငယ်တစ်စု တို့မှ လမ်းပေါ်တွင် သွားလာနေသည့် လူများအား ဓားဖြင့် ခုတ်ထစ်မှု များကြောင့် မြိတ်လူထုသည် ညနက်ပိုင်းတွင် လမ်းပေါ် မထွက်ရဲဘဲ စိုးရိမ် ကြောက်လန့် နေကြောင်း သိရှိရသည်။  ထိုသို့ ဓားခုတ်မှုများမှာ (၂) ပတ်အတွင်း (၁၈)မှု ခန့် ရှိပြီဟု အတည်မပြု နိုင်သေးသော သတင်းများ ထွက်ပေါ် လျက်ရှိသည်။ 

ဓားဖြင့် ခုတ်သည့် လူငယ်များမှာ လူပြတ်သည့် နေရာများတွင် ဆိုင်ကယ်များဖြင့် စောင့်ဆိုင်းနေပြီး လမ်းသွား လမ်းလာများအား ဓားဖြင့် ပွတ်ဆွဲပြီး ဆိုင်ကယ်မောင်း ပြေးခြင်း၊ ဆိုင်ကယ်စီးလာသည့် သူများအား တားဆီးပြီး လက်မောင်း၊ ပေါင် စသည့်  အသက်အန္တရယ် မထိခိုက်နိုင်သည့် နေရာများအား ဓားဖြင့် ထိုးခြင်း၊ ပွတ်ဆွဲခြင်း ပြုလုပ်ကြကြောင်း သိရှိရသည်။  နိုဝင်ဘာလ (၁၄) ရက်နေ့ကလည်း မြိတ်မြို့ မြို့မရဲစခန်း အနောက်လမ်းတွင် အထက(၃) ဒသမတန်း (အေ)မှ ကျောင်းသူ မခင်ပပဇင် (ဘ) ဦးသန့်ဇင် သည် ကျောင်းတက်ရန် လာစဉ်  လူငယ်တစ်ဦးက ဓားဖြင့် ပွတ်ဆွဲပြီး ပြေးသွားကြောင်း သိရှိရသည်။ 

 ထိုသို့ မြိတ်မြို့ပေါ်တွင် နေ့ပိုင်း ၊ ညပိုင်း မရှောင် ဓားဖြင့် ခုတ်ထစ် ပွတ်ဆွဲမှု များ ခေတ်စား လာနေသောကြောင့် မြိတ်မြို့ လူထုသည် ကျီးလန့်စာစား အဖြစ် ရောက်ရှိနေပြီး ထိတ်လန့်  စိုးရိမ်လျက် ရှိသောကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ၊ ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှုအပေါ်  အားမလို အားမရ ဖြစ်နေကြောင်း သတင်းရရှိပါသည်။

3 comments:

Unknown said...

အေးဗျာဒီလိုကောင်တွေကလူမဟုတ်တဲ့ကောင်တွေဖြစ်မယ်သတ်တိမှမရှိဘဲတယောက်ချင်းချပါလားဘာလာရဲမှာလဲလှည့်တောင်ကြည့်ရဲမှာလားထမိန်ပေးဝတ်ရမှာတိုင်းပြည်မတိုးတက်တာဒီလိုလူမဆန်တဲ့ကောင်တွေရဲ့ လုပ်ရပ်တွေကြောင့်ဘဲ့အားလုံးကူညီပေးကြပါဗျာကျွန်တော်တောင်းဆိုပါတယ်

Unknown said...

ဒီကောင်တွေကိုမြန်မြန်မီအောင်အားလုံးကြိုးစားကြစို့
တွေ့ရင် တွေ့တဲ့နေရာမှာကို ဓါးနဲ့ပြန်ခုတ်ကြ

Unknown said...

ဒီကောင်တွေကိုမြန်မြန်မီအောင်အားလုံးကြိုးစားကြစို့
တွေ့ရင် တွေ့တဲ့နေရာမှာကို ဓါးနဲ့ပြန်ခုတ်ကြ