Saturday, November 16, 2013

မီးကြွင်းမီးကျန်မှတဆင့် ဘုန်းကြီးကျောင်း မီးလောင်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့ ညနေ (၅)နာရီ ခွဲ အချိန်၌ တနင်္သာရီမြို့နယ်၌ မီးကြွင်း မီးကျန်မှ တဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင် ဆုံးရှုံး ခဲ့သည်။


ဖြစ်စဉ်မှာ တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းအရှေ့ကျေးရွာမှ ဝေနေယျမေတ္တာ ဘုန်းကြီး ကျောင်း ဆရာတော် ဦးသြရာသ သည် မရင်းကြီးကျေးရွာ ကထိန်ပွဲသွားနေစဉ် ရွာသား ဦးအောင်ဇော်ဦးအား ကျောင်းစောင့် ထားခဲ့ရာ ဦးအောင်ဇော်ဦးမှ ရေနွေးအိုးတည်ပြီး ကျောင်းအောက် ဆင်း သွားစဉ် မီးကြွင်း မီးကျန်မှ အလျား ၂၄ ပေ၊အနံ ၁၂ ပေရှိ ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုးကျောင်းဆောင်မှာ မီးလောင်ကျွမ်းသွားခဲ့ ပါသည်၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရွာသူရွာသားများ ငြိမ်းသတ်မှုကြောင့် (၆ ) နာရီ အချိန် မီးငြိမ်း သွားခဲ့ပြီး မီးပေါ့ဆသူ ဦးအောင်ဇော်ဦးအား တနင်္သာရီမြို့မ ရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ကြောင်း သတင်းရရှိပါသည်။

0 comments: