Thursday, November 7, 2013

ထားဝယ်သားများ အကျိုးလိုလားသူ မှ ကိုးကားစရာ ဥပဒေများဖြင့် ပြန်လည်ဖြေကြား ပေးစေလိုပါတယ်

" ထားဝယ်သားတို့ ဘာလုပ်ကြမလဲ " ဟု "ထားဝယ်သားများအကျိုးလိုလားသူ" မှ ရေးသားပြီး မြိတ်ပုလဲမြေ ၀က်ဆိုဒ် http://myeiknews.blogspot.com/2013/11/blog-post_4.html တွင် ရေးသားဖော်ပြထား သည်ကို အများပြည်သူ သိရှိစေရန် မေးခွန်းများဖြင့် ပြန်လည်မေး မြန်းလိုက်ပါသည်။ ……




( အဆိုပါမေးခွန်းများကို ထားဝယ်သားများ အကျိုးလိုလားသူ မှ ကိုးကားစရာ ဥပဒေများဖြင့် ပြန်လည်ဖြေကြား ပေးစေလိုပါတယ်)
 

ယခုတလော ထားဝယ်မြို့၊ ကမြောကင်းလမ်းရှိ လယ်ယာမြေများနှင့် ပတ်သက်ပြီး အုပ်ချုပ်ရေး အာဏာပိုင်များနဲ့ လယ်သမားများ ပဋိပက္ခဖြစ်မှုနဲ့ပတ်သက်ပြီး အင်တာနက် စာမျက်နှာများ၊ သတင်းဌာနများ၊ ဂျာနယ်များတွင် ဟိုးလေးတကျော်ဖြစ်လျက်ရှိပါသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အစိုးရဖက်မှ ၄င်းလယ်များသည် ၁၉၇၃ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ (စနေနေ့) ပြည်ထောင်စုမြန်မာနိုင်ငံတော်ပြန်တမ်းအရ မြို့မြေဖြစ်ကြောင်းကို လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်၊ မေလ (၃)ရက်နေ့တွင် ထုတ်ပြန်သည့် တိုင်းငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ပုံမှန် အစည်းအဝေး (၃/၉၀) ဆုံးဖြတ်ချက် အပိုဒ် (၃၉) အရ ယင်းမြေမှာ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအရ လယ်ယာမြေ ကို အခြားနည်း အသုံးပြုခွင့်(လန/၃၉) ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်းတို့ကိုသာ အကြိမ်ကြိမ်ပြောဆိုခဲ့ပါသည်။

ကျွန်တော့်အနေဖြင့် မေးမြန်းလိုသည်မှာ -

(၁) မြို့မြေအဖြစ် သတ်မှတ်သည့် ပြန်တမ်းသည် ဥပဒေအရ မြေယာသိမ်းသည့် အမိန့်ပြန်တမ်း ဖြစ်ပါ သလား ?

(၂) အများသူငှာ သိအောင်ကြေညာရမည့် လန/၃၉ မြေသိမ်းပြန်တမ်းကို
အဘယ်ကြောင့်မကြေညာ သနည်း ?

(၃) အဆိုပါလယ်မြေများကို သိမ်းဆည်းထားပြီးဖြစ်သည်ဆိုပါက မြေသိမ်းအမှုတွဲကို ပွင့်လင်းမြင်သာစွာ ဖြင့် ပြည်သူအများသိရှိရန် မည်သည့်အချိန်တွင် ကြေညာမည်နည်း။

(၄) ၁၉၉၀ ပြည့်နှစ်၊ မေလ (၃)ရက်နေ့တွင် ထုတ်ပြန်သည့် တိုင်းငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ ပုံမှန်အစည်းအဝေး (၃/၉၀) ဆုံးဖြတ်ချက် အပိုဒ် (၃၉) အရ သိမ်းဆည်းထားပီးဖြစ်သည်ဆိုပါက အဆိုပါ မြေသိမ်းဥပဒေနှင့်အညီ သိမ်းယူပြီးဖြစ်ပါသလား?

(၅) အဆိုပါ သိမ်းဆည်းထားသည့် လယ်ယာမြေများသည် ဘိုးဘွားစဉ်ဆက်လုပ်ကိုင် စားသောက်လာ သည့် လယ်သမားများအတွက် အိမ်ယာမြေအဖြစ် ပြုလုပ်ခွင့်မရှိပဲ၊ အစိုးရနှင့်ခရိုနီများ အတွက်သာ အိမ်ယာမြေ အဖြစ်ပြုလုပ်ခွင့် ရှိပါသလား ?

(၆) အနှစ် (၂၀) ကျော်ကြာ ကျူးကျော်ထွန်ယက်စိုက်ပျိုးစားသောက်နေကြသူများဖြစ်ကြောင်း ရေးသား ထားသည်မှာ - ၁၈၇၆ ခုနှစ် အောင်မြန်မာပြည်မြေနှင့် အခွန်အက်ဥပဒေပုဒ်မ - ၇ အရ ကို သင်သိပါသလား ?

(၇) ပြည်သူတစ်ဦးတစ်ယောက်ပိုင်သော ကိုယ်ပိုင်ပစ္စည်းများကို အစိုးရတာဝန်ရှိသူများမှ မတရားဖျက်ဆီးခွင့်ရှိပါသလား?

(၈) နိုင်ငံတော်သမ္မတကြီးပြောသော ပြည်သူဗဟိုပြုဆိုသည်မှာ ပြည်သူများကို မောက်မာရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်းကို ဆိုပါသလား?

မှတ်ချက် ။ ။ ပြည်သူတွေ ဥပဒေနားမလည်ဘူးဆိုပီး ဖြီးဖြန်းဖြေဆိုခြင်း သည်းခံပါ။

လိုရင်းတိုရှင်းကိုသာ ပြတ်ပြတ်သားသားဖြေပေးစေလို ပါတယ်။

ကိန်းဂဏန်းတွေနဲ့ ဝေ့၀ိုက်ပြီး အဖြေမပေးပါနဲ့လို့ တောင်းဆိုချင် ပါတယ်။

သင်ဖြေဆိုပြီးပါက ထားဝယ်သားများဘာလုပ်မည်ကို ပြန်လည်ဖြေကြားပေးပါမည်။

https://www.facebook.com/peoplefromdawei မှ ကူးယူဖော်ပြပါသည်။

1 comments:

Unknown said...

ကျွန်တော်ထားဝယ် လူငယ်တစ်ဦး ဥပဒေ ဆိုတော့  အခု မှ ကြားခဲ့တာ မဟုတ် ပါ ဥပဒေ ထဲမှ ရှိနေတဲ့စာသားတွေ တော့ ကောင်းမှသိတဲ့ဗျာ အခုတော့ ဘယ်လို့ ဖြစ်လို့ ချမ်းသားနေတဲ့ သူတွေ အစိုးရတွေ ဘာလို့နေတာ လဲ အခု ကိစ္စ လယ်သမားတွေ ခံစားနေရတာတွေ လယ်ယာ မြေ ဆုံးရူံးတာတွေ အစိုရ ကို တရားစွဲ ခြင်း တယ်ဗျာ ဘာလိုစွဲ ရမှလဲ

ကျေးဇူးတင်ပါတယ် ဗျာ