Tuesday, November 26, 2013

မြိတ်မြို့၌ ပုဂ္ဂလိက အငှားယာဉ်များ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


တနင်္သာရီတိုင်းဒေသကြီး အတွင်း လမ်းပန်း ဆက်သွယ်ရေး လုံခြုံ ချောမွေ့စေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး၊ ခရီးသည် ပို့ဆောင်ရေး၊ ကုန်စည် ပို့ဆောင်ရေး ယာဉ်များ စနစ်တကျ ပြေဆွဲရေး အတွက် ပုဂ္ဂလိက အငှားယာဉ်များ ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၂၅) ရက် နေ့လည်() နာရီတွင် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး၊ ဌာနဆိုင်ရာများ၊ ယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ်လိုင်းများ၊ ဂိတ်မှူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။




ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း က အမှာ စကားပြောကြား ရာတွင် တိုင်းဒေသကြီး အတွင်း မော်တော်ယာဉ်များဖြင့် ခရီးသည်/ ကုန်စည် ပို့ဆောင် ရေး လုပ်ငန်းများ စည်းကမ်း စနစ်တကျ ဖြစ်စေရေး၊ ပုဂ္ဂလိက ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်း၍ ၄င်းကော်မတီမှ ပုဂ္ဂလိကယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေအတိုင်း ဆောင်ရွက် နိုင်ရေး အတွက် ဥပဒေ ပြဌာန်းချက်များ၊ နည်းဥပဒေများကို ပြောကြား ခဲ့သည်။

ထိုနောက် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က ခရိုင်/မြို့နယ် ပုဂ္ဂလိက အငှားယာဉ်များ ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီလုပ်ငန်း တာဝန်များ ရှင်းလင်းပြောကြားပြီး ကော်မတီကို သတ်မှတ် ရက်အတွင်း ဖွဲ့စည်းနိုင်ရေး ကြိုးစား ဆောင်ရွက်ရန် ဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ မြိတ်ခရိုင် ရဲတပ်ဖွဲ့ မှူး  ဒုတိယရဲမှူးကြီး ရွှေညာမောင်က ယာဉ်လိုင်းများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာ ဆောင် ရွက်ကြရေး အကြောင်း ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် တက်ရောက် လာကြသော ဌာနဆိုင်ရာများ က ကဏ္ဍ အလိုက်ရှင်းလင်း ဆွေးနွေးကြ၍ မော်တော်ယာဉ်လိုင်း များမှ သိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြား ကြပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး က နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

 IPRD MYEIK

0 comments: