Wednesday, November 13, 2013

မြိတ်မြို့နယ်တွင်၂၀၁၃ ဆောင်း(နွေစပါး) ချေးငွေ ထုတ်ချေး



တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင် ၊မြိတ်မြို့နယ်ရှိ နွေစပါး စိုက်ပျိုး တောင်သူများ အတွက် စိုက်ပျိုးစရိတ် ထုတ်ချေးခြင်း အခမ်းအနားကို ၁၂-၁၁-၂၀၁၃ရက်တွင် မြိတ်ခရိုင် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကျင်းပ ခဲ့သည်။


အခမ်းအနားတွင် ဘဏ်မန်နေဂျာ ဦးရွှေဟိုက ဘဏ်ချေးငွေ ထုတ်ချေးပေးခြင်း၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်း စည်းကမ်းများ ရှင်းလင်းပြီး မြို့နယ် စိုက် တိုးမြှင့် အဖွဲ့ဝင်များဖြစ်သည့် စိုက်ပျိုးရေးဦးစီးမှူး ဦးဌေးဝင်း၊ မြေစာရင်း ဦးစီးမှူး ဦးမြင့်စိုး တို့က တစ်ဧက အထွက်နှုန်း တိုးတက်ရေး အတွက် နည်းပညာများ ပို့ချဆွေးနွေး ခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားခြင်း အတွက်တောင်သူများ သိသင့် သိထိုက်သည့် အချက်အလက် များကို ရှင်းလင်းဆွေးနွေး ခဲ့သည်။






ယင်းနောက်ဆန္ဒအရ ချေးငွေ လျှောက်ထားသည့် ကျေးရွာအုပ်စု (၇)အုပ်စုမှ တောင်သူ(၉၅) ဦး၏ စိုက်ဧက(၄၉၇)ဧကအတွက် (၁) ဧကကျပ် (၁)သိန်းနှုန်း ဖြင့် ချေးငွေ ကျပ်သိန်းပေါင်း(၄၉၇)သိန်းကို ဘဏ်မန်နေဂျာ ဦးရွှေဟိုက တောင်သူ တစ်ဦးချင်းထံ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
 

0 comments: