Saturday, November 30, 2013

မြို့တွင်း သန့်ရှင်း သာယာလှပရေးနှင့် လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

မြိတ်မြို့တွင်း သန့်ရှင်းသာယာလှပရေးနှင့် လမ်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဂွမ်နှင့် အဖွဲ့ဝင်များက နိုဝင်ဘာလ(၃၀)ရက် နံနက်(၈)နာရီတွင် ကွင်းဆင်းကြီးကြပ်  ဆောင်ရွက် ခဲ့ကြသည်။
 
 


ထိုသို့ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ရာတွင် မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော အောက်ရေပုန်းရပ် လမ်းမကြီး (၁၀၆၀ပေ×၁၂ပေ)၊ အထက်ရေပုန်းရပ် စပါးရွှေဝါလမ်း (၁၀၀၀ပေ×၁၈ပေ)၊ နောက်လယ်ရပ် ပိတောက်ရွှေဝါလမ်း (၈၀၀ပေ × ၂၀ပေ)ကို လည်းကောင်း၊ ဆောင်ရွက် ပြီးစီးခဲ့သည့် အထက(၁)ကျောင်းလမ်း(၈၀၀ပေ×၁၈ပေ) ကိုလည်းကောင်း ကွင်းဆင်းကြီးကြပ် ကြည့်ရှုခဲ့ကြ သည်။

ယင်းနောက် မြိတ်မြို့နယ် စည်ပင်သာယာရေး ရန်ပုံငွေနှင့် ပြည်သူ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်မည့် မြိတ်တောင် နယ်မြေ မြို့မ(၂)ရပ် အဓိပတိလမ်း (၂၇၀၀ပေ×၁၂ပေ)နှင့် ကလွင်ကျေးရွာ ဘိုးဘွား ရိပ်သာလမ်း (၁၈၀၀ပေ×၁၂ပေ) တို့တွင် လမ်းခင်းရန်အတွက် ပစ္စည်း စုဆောင်းထားရှိမှုအား ကွင်းဆင်းကြီးကြပ် ကြည့်ရှု ခဲ့ကြပြီး ပြည်သူများမှ ကိုယ့်အားကိုယ်ကိုး ကွန်ဂရစ်ခင်းဆောင် ရွက်နေ သည့် နောက်လယ်(၁၁)လမ်း (၄၂၀ပေ×၂၅ပေ)ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရိှသည်။

IPRD MYEIK

0 comments: