Tuesday, November 19, 2013

မြိတ်မြို့တွင် ဆိုင်ကယ်ခိုးယူသူများ လုံခြုံရေးကင်မရာ (CCTV) ကြောင့် ဖမ်းဆီးမိ

မြိတ်ကုန်တိုက်မှ ဆိုင်ကယ် ခိုးယူခဲ့သူများအား (၁၇-၁၁-၂၀၁၃)ရက်နေ့ ည (၇း၅၀) အချိန်ခန့်တွင် ရွှေဒူးကျေးရွာ၌ ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိသည်။


(၁၆-၁၁-၂၀၁၃) ရက်နေ့ ညအချိန် မြိတ်ကုန်တိုက်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုဖြင့် ဆိုင်ကယ် ခိုးယူသူများအား ကုန်တိုက်၌ တပ်ဆင်ထားသော လုံခြုံရေးကင်မရာ (CCTV) တွေ့ရှိချက် မှတ်တမ်းအရ တာဝန် ရှိသူများမှ ရှာဖွေ စုံစမ်းလျှက်ရှိရာ (၁၇-၁၁-၂၀၁၃) ရက်နေ့ ည (၇း၅၀)အချိန်ခန့် မြိတ်ခရိုင် အထူး မှုခင်းနှိမ်နှင်းရေး အဖွဲ့မှ ရဲအုပ် ချိုလွင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန် ရှိသူများတို့မှ နယ်မြေသတင်း လိုက်လံ စုံစမ်းနေစဉ် ရွှေဒူးကျေးရွာ၌ လူငယ် (၂)ဦးမှ ဗီယက်နမ် (Wave) အဖြူရောင် အမျိုးအစား ဆိုင်ကယ်တစ်စီးအား လိုက်လံရောင်းချလျှက် ရှိကြောင်း သတင်းအရ သွားရောက်စုံစမ်းခဲ့ရာ သိန်းငွေ (၂၀)နှစ်၊ (ဘ) ဦးစိုးသန်း၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ မြေနီလမ်းနှင့် အောင်သိုက်ထွန်း (ခ) ငယ်ငယ် (၂၁)နှစ်၊ (ဘ) ဦးမြင့်ရွှေ၊ မြိတ်မြို့၊ ရွှေဒူးကျေးရွာ တို့အား စစ်ဆေးတွေ့ရှိရပြီး ဆိုင်ကယ်ခိုးယူရာ၌ ပါဝင်သူ ခိုင်ဇော်အောင် (၂၄)နှစ်၊ (ဘ) ဦးတင်ထွန်း၊ မြိတ်မြို့၊ မြိတ်တောင်ကျေး ရွာ၊ ရွှေပြည်တန်ရပ် နေထိုင်သူတို့အား ဖမ်းဆီး အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိသည်။

0 comments: