Monday, November 25, 2013

လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ခွဲဝေရေး လုပ်ငန်း ညှိနှိုင်း

မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များနှင့် မြိတ်မြို့နယ် အတွင်းရှိ မြို့နယ် ၊ ရပ်/ကျေး ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မဲဆန္ဒရှင် ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် ခွဲဝေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လည် (၁)နာရီ အချိန် မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၏ နေအိမ်တွင် ကျင်းပပြုလုပ်သည်။ 



 
အစည်းအဝေးသို့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် ဦးတင်ရှန်၊ မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ မြိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြိတ်မြို့နယ် ဒေသဖွံ့ဖြိုးရေး အထောက် အကူပြု ကော်မတီ အဖွဲ့ဝင်  များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ရပ်ကွက်/ကျေးရွာ အထောက်အကူပြု အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြ ပါသည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ လွှတ်တော်မှ ချမှတ်ပေးထားသော ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ရန်ပုံငွေ သိန်း (၁)ထောင်ကို စနစ်တကျသုံးစွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် မြိတ်မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ တစ်ရပ်အား ဖွဲ့စည်းဆောင်ရွက် ခဲ့သည်။ ထိုနောက် လွှတ်တော် ကိုယ်စားလှယ် များမှ ဌာနဆိုင်ရာ များနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အထောက်အကူပြု အဖွဲ့ဝင်များ၏ ဆွေးနွေးအကြံပု တင်ပြချက်များ အပေါ် ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ပြီး အခမ်းအနားကို ညနေ(၁၅း၀၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

0 comments: