Saturday, November 30, 2013

(၂၀.၁၁.၂၀၁၃) ရက် နေ့စွဲဖြင့် မြိတ်ပုလဲမြေပေါ်တွင် မြိတ်မြို့၊ မြို့သစ်ရပ်နေ ဦးဝိုင်တင်အပေါ် မဟုတ်မမှန် တိုင်ကြားချက်နှင့် ပတ်သက်၍ဖြေရှင်းချက်

ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ၊ ၀န်ကြီးချုပ်ထံသို့ လိပ်မူပြီး မြိတ်မြို့၊ မြို့သစ်ရပ်နေ ဦးဝိုင်တင် အပေါ် တိုင်ကြားသည့်ကိစ္စမှာမဟုတ်မမှန်လုပ်ကြံတိုင်ကြားခြင်းသာဖြစ်ကြောင်းပြည်သူ (၅၀)ဦးတို့မှ အောက်ပါအတိုင်း ဖြေရှင်းတင်ပြအပ်ပါသည် -

၁။ မြိတ်မြို့၊ အင်းလေးကမ်းရပ်၊ မြိတ်တောင်ချောင်းကမ်းစပ်တွင် ကူးတို့ဆိပ်မရှိပါ။ ၎င်းနေရာကိုခြံခတ် ပိတ်ဆို့ ထားခြင်းလည်း မရှိပါ။ လုပ်သားပြည်သူ၊ ရေလုပ်သားများ၊ လှေငယ်များလွတ်လပ်စွာ ဆိုက်ကပ် ထားသည်ကို ဓါတ်ပုံဖြင့် ပူးတွဲတင်ပြ ဖြေရှင်းအပ် ပါသည်။  လူအများ အတက်အဆင်း ပြုလုပ်သည့်နေရာသာ ရှိပါသည်။

၁။ အင်းလေးကမ်းရပ်တွင် လူအများမြိတ်တောင်ချောင်း အတွင်းမှ ကုန်းပေါ်သို့ တက်ရောက် ရာတွင် ဦးဝိုင်တင်ဆိုသူမှ ပရဟိတ စိတ်ဓါတ်ဖြင့် ယာယီတံတားတစ်ခုကို ၄င်း၏ကိုယ်ပိုင်ငွေဖြင့် ပြုလုပ်ပေးထား သဖြင့် အများသူငှာစိတ်ချမ်းသာလျက်ရှိပါသည်။

၂။ ကူးတို့ဆိပ် ပိတ်ထား၍ အတက်အဆင်းပြုလုပ် မရပါဆိုသောကိစ္စမှာ လုပ်ကြံတင်ပြခြင်းဖြစ်ပါသည်။ လူအများ တက်ဆင်းသောနေရာကို ပြသသည့် ယာယီ တံတား ဓါတ်ပုံကို ပူးတွဲတင်ပြပါသည်။ မြိတ်ပုလဲမြေပေါ်တွင် ဖော်ပြထားသောနေအိမ်ပြ ဓါတ်ပုံမှာ ဦးဝိုင်တင်၏ နေအိမ်မဟုတ်ပါ။ ထိုအိမ်သည် ဦးတင်လှ ပိုင်မြေနှင့် တစ်ဆက် စပ်တည်းဖြစ်သည့် ဦးတင်လှ မိသားစုမှ ပိုင်ဆိုင်သော ကျူးကျော်အိမ်ဖြစ်သည့် အပြင် ဦးဝိုင်တင်အိမ်နှင့် လမ်းတစ်ဘက်ခြားနားနေ ပါသည်။ လူအများတက်/ဆင်းသောနေရာတွင် အမိုက်ပုံလည်းမရှိပါ။ လုပ်ကြံ ရိုက်ကူးထားသောဓါတ်ပုံသာလျင်ဖြစ်ပါသည်။ ဓါတ်ပုံပါအမှိုက်ပုံသည် ရပ်ကွက်လမ်းအတွင်းမှ လာရောက် စွန့်ပစ်သော အမှိုက်ပုံသာဖြစ်ပြီး ဦးဝိုင်တင်အိမ်မှ စွန်ပစ်သောအမှိုက်ပုံမဟုတ်ပါ။

၃။ ဦးဝိုင်တင်မှ လှေတစ်စီးလျှင် ကျပ် (၅၀၀)၊ ကျပ် (၁၀၀၀) ကောက်ခံသည့်ကိစ္စမှာ လုံးဝမမှန်ကန်ပါ။ မမှန်ကန် ကြောင်း ဦးဝိုင်တင်ကိုယ်စား ပြည်သူ (၅၀) ဦးမှ ပြတ်ပြတ်သားသား ငြင်းဆိုပါသည်။

၎။ မြိတ်ပုလဲမြေပေါ်တွင် (၂၀.၁၁.၂၀၁၃)ရက် နေ့စွဲဖြင့် တင်ပြချက်များသည် မြိတ်မြို့ပေါ်ရှိဌာနဆိုင်ရာများကို ရိုင်းပျစွာ စော်ကားခြင်းသာဖြစ်ပါသည်။

၅။ ဦးဝိုင်တင် အိမ်အနီးရှိ မြိတ်တောင်ချောင်းမှ ကမ်းပေါ်သို့တက်ရောက်သည့် နေရာတွင် ယာယီတံတား တစ်ခု ပြုလုပ်ခွင့်ပေးပါရန် ပြည်သူ (၅၀)ဦးမှ သက်ဆိုင်ရာဌာနများသို့ တရားဝင် လျှောက်ထား တင်ပြထား ခဲ့ပါသည်။

၆။ မြိတ်ပုလဲမြေပေါ်တွင် မမှန်မကန် လုပ်ကြံတင်ပြသူမှာကန့်ကွက်သူ (၂၀)ဦးမှ ဖြစ်ပါသည်။ ၄င်းတို့မှ ဦးဝိုင်တင် သည် စည်ပင်သာယာရေးရုံးမှ ပါမစ်မရှိဘဲနေအိမ် ဆောက်ထားကြောင်းတိုင်ကြားချက်အရ စည်ပင် သာယာရေး ရုံးမှ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၇။ ကွင်းဆင်းစစ်ဆေးချက်အရ ဦးဝိုင်တင်မှ စည်ပင်ရုံးမှ ထုတ်ပေးထားသော တရားဝင်အိမ် ဆောက်ခွင့်ပါမစ်ကို တင်ပြနိုင်ခဲ့ပါသည်။

၈။ ဦးဝိုင်တင်မှ ကန့်ကွက်သူ (၂၀)ဦးသည် နေအိမ်များကိုဆောက်လုပ်ရာတွင် စည်ပင်သာယာရေးရုံးမှ ပါမစ်လုံးဝ မယူဘဲ ကျူးကျော်နေအိမ်ဆောက် ထားကြောင်း ပြန်လည်တိုင်ကြားချက်အရ ၄င်းတို့အား စည်ပင်သာယာရေးရုံးမှ ကွင်းဆင်းအရေးယူခဲ့ခြင်းကို မကျေနပ်၍ ဦးဝိုင်တင်အပေါ် မြိတ်ပုလဲမြေပေါ်၌ မမှန်မကန် လုပ်ကြံတိုင် ကြားခြင်းသာဖြစ်ကြောင်းပြည်သူ (၅၀) ဦးတို့မှ ဦးဝိုင်တင် အတွက် ဖြေရှင်းတင်ပြအပ်ပါသည်။

၉။ ဦးဝိုင်တင်သည် လူမှုဓိတ်ဓါတ်ရှိပြီးပရဟိတလုပ်ငန်းများကိုလုပ်ကိုင်နေသူဖြစ်ပါသည်။ မြို့သစ်၊ ရွှေစံပါယ် (5) လမ်းအဆုံးအနီးနားတစ်ဝိုက် ပျက်စီးနေခြင်းကို ဦးဝိုင်တင်မှ ၎င်း၏ ကိုယ်ပိုင်ငွေဖြင့် လမ်းပြုပြင်ခြင်း၊ သစ်ပြားခင်းပေးခြင်းလုပ်ငန်းကိုလုပ်ကိုင်နေသူဖြစ်ပါသည်။

၁၀။ မြိတ်တောင်ချောင်းမှ ကုန်းပေါ်သို့ တက်ရာတွင် ဦးဝိုင်တင်မှ ပရဟိတစိတ်ဓါတ်ဖြင့် ယာယီတံတားတစ်ခုပြုလုပ် ပေးခြင်းဖြင့် ကျွန်တော်တို့မှာအတက်/အဆင်းလွယ်ကူပြီးစိတ်ချမ်းသာခြင်းဖြစ်ကြရပါသည်။ ဦးဝိုင်တင်မှာ ရပ်ကွက်ထဲတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဟု မမှန်မကန်တင်ပြခြင်းသာဖြစ်ပါသည်။ ဦးဝိုင်တင်ကဲ့သို့ ပုဂ္ဂိုလ်များ ၎င်း ရပ်ကွက်အတွင်း အများအပြားရှိကြောင်း ပြည်သူ (၅၀)ဦးတို့မှ ဖြေရှင်းတင်ပြအပ် ပါသည်။

၁၁။ ပြည်သူ (၅၀)ဦးတို့မှ မြိတ်တောင်ချောင်း အဆင်းနေရာတွင် ယာယီတံတား (၁)ခု တရားဝင်ပြုလုပ် ပေးပါရန် သက်ဆိုင်ရာသို့ စာတင်ခဲ့ ပါသည်။ ဦးဝိုင်တင်အနေဖြင့် တင်ခြင်းမဟုတ်ပါ။ ကျွန်တော်တို့ ပြည်သူ (၅၀)ဦးတို့မှ တင်ပြခြင်းဖြစ်ပါသည်။

၁၂။ ကျွန်တော်တို့ တင်ပြချက်အရ မြိတ်မြို့၊ တိုင်းဆိပ်ကမ်းအာဏာပိုင် အဖွဲ့မှ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ထံ ဆက်လက်အကြောင်းကြားခြင်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးမှ မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြိတ်မြို့ စည်ပင်သာယာရေးရုံး အမှုဆောင် အရာရှိထံ တရားဝင်စာများ ဆက်လက်ပေးပို့ထား ပါသည်။

၁၃။ (၂၀.၁၁.၂၀၁၃) ရက်စွဲဖြင့် မြိတ်ပုလဲမြေပေါ်တွင် မြိတ်မြို့၊ မြို့သစ်ရပ်နေ ဦးဝိုင်တင်အပေါ် မဟုတ်မမှန် တိုင်ကြားခြင်းမှာ လုပ်ကြံတိုင်ကြားခြင်း သာဖြစ်ကြောင်း ပြည်သူ (၅၀)ဦးတို့မှ ဖြေရှင်းတင်ပြအပ် ပါသည်။

တင်ပြသူပြည်သူ (၅၀) ဦး

0 comments: