Tuesday, November 5, 2013

ဝန်ထမ်းများ လုပ်ငန်း စွမ်းရည်မြှင့် သင်တန်း(၂/၂၀၁၃) ဆင်းပွဲ ကျင်းပ

ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး ၀န်ထမ်းများ လုပ်ငန်း စွမ်းရည် မြှင့်သင်တန်း (၂/၂၀၁၃) ဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ(၄)ရက် ညနေ(၃)နာရီတွင် မြိတ်ခရိုင်ရုံး အစည်း အဝေး ခန်းမ၌ ကျင်းပသည်။



ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန တိုင်းဒေသကြီး လက်ထောက် ညွှန်ကြားရေး မှူး ဒေါ်နီနီချိုက သင်တန်းဆင်း အမှာ စကားပြောကြား သည်။ ယင်းနောက် သင်တန်းတွင် ထူးချွန်ဆု ရရှိသူများ အား မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြိတ်ခရိုင် ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ကြီးကြပ်မှု ကော်မတီဝင်များက ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

အဆိုပါ သင်တန်းကို မြိတ်ခရိုင် နှင့် ကော့သောင်း ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်/ မြို့နယ်ခွဲရုံးများမှ သင်တန်းသား(၃၃)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာလ(၂)ရက်နေ့မှ (၄)ရက်နေ့ အထိ ဖွင့်လှစ်ခဲ့သည်။ သင်တန်းတွင် စာကြည့်တိုက်ပညာ ဘာသာရပ်၊ သတင်းမီဒီယာ ဘာသာရပ်၊ ရုံးလုပ်ငန်း ဘာသာရပ် နှင့် ဟောပြောနည်း ဘာသာရပ်များ သင်ကြားပို့ချပေး ခဲ့ကြောင်း သတင်း ရရှိသည်။
IPRD MYEIK

0 comments: