Tuesday, November 5, 2013

မြိတ်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ


လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အကြောင်း အသိပညာပေး ဟော ပြောပွဲကို နိုဝင်ဘာလ (၃)ရက် မွန်းလွဲ(၂)နာရီတွင် မြိတ်တောင် ရပ်ကွက် ဘုရားကိုင်ကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အထောက် အကူပြု ကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများနှင့် ပြည်သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အကြောင်းနှင့် သန်းခေါင် စာရင်းကောက် ယူသည့် ရည်ရွယ်ချက်များကို မြိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးနေလင်းက ဆွေးနွေးပြောကြားသည်။ ယင်းနောက် ၂၀၁၄ခုနှစ် မတ်လ(၃၀)ရက်မှ ဧပြီလ(၁၀)ရက်နေ့ အထိ သန်းခေါင်စာရင်း ကောက်ယူရန် အတွက် ကြိုတင် ဆောင်ရွက်နေသည့် လုပ်ငန်းများ အကြောင်းနှင့် သန်းခေါင် စာရင်းကောက်ယူသည့် လုပ်ငန်း များ အကြောင်းကို မြိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ရေး ဦးစီးဌာနမှူး ဦးလှစိုး က ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြိတ်ရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီး အရာရှိ ဒေါ်လှလှဌေးက သန်းခေါင်စာရင်း လာရောက်ကောက်သည့် အခါ တာဝန်ရှိသူများ၏ မေးမြန်းချက် များကို ပြည်သူများ အနေဖြင့် အမှန်အတိုင်းဖြေ ကြားပေးနိုင်ကြရေး အကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး တက် ရောက်လာကြသူများက သိလိုသည်များ မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြကြောင်း သတင်း ရရှိသည်။

IPRD MYEIK

0 comments: