Wednesday, November 27, 2013

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ တွင် နိုင်ငံတော် အခွန်။ သဘာဝ ပတ်ဝန်းကျင်။ လူမျိုခံရခြင်း ဆုံးရူံးခြင်း နာ(၃)နာ ခံစားနေရခြင်း

နိုင်ငံတော်အခွန် ဘဏ္ဍာများ ဆုံးရှုံးရခြင်း  (ပထမနာခြင်း)

 မြိတ်မြို့အင်းလေးမြိုင် စက်မှု့ဇုံ (ငါးလေလံ)တွင် ကင်းမွန် ပြုတ်ခြောက်ပြုလုပ်၍ စီးပွားရေးလာ ရောက်လုပ် ကိုင်လျက်ရှိသော တရုတ်ပြည်မှ ပြည်ကြီး တရုတ်အစစ်များသည် ကင်းမွန် များအား ဆားများဖြင့် ပြုတ်၍ နေလှန်းကာ တရုတ် ပြည်သို့ ကားများဖြင့် တစ်ရက်ခြားတစ်ကြိမ် တင်ပို့နေတာကို အားလုံးမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်ကြီး တရုတ်တွေလုပ်တဲ့ လုပ်ငန်းက သစ်တောနဲ့ရော ငါးဦးစီးနဲ့ရောဆိုင် ပါတယ်။ အင်းလေမြိုင် စက်မှုဇုံဖြစ်တဲ့ ငါးလေလံမှာ ကင်းမွန်ပြုတ်ခြောက် လုပ်တဲ့ရုံ အားလုံး(၁၁)ရုံရှိပါတယ်။ အဲဒီကထွက်တဲ့ ကင်းမွန်ခြောက် တွေကို ယခင်က မှန်လုံကား၊ (၆)ဘီးကားနဲ့ အခုဆိုရင်(၁၂)ဘီးကားတွေနဲ့ကို တင်ပို့နေတာကိုတွေ့ရ ပါတယ်။ ငါးလုပ်ငန်း ဦးစီးမှာ မျှောလုပ်တော့ (၁)စောင်ကို (၁၂)တန်လုပ်တယ်၊ သယ်တော့ တန်(၇၀)လောက် ခိုးသယ်တယ်၊ မျှောမှာက ကား(၁)စီး ထွက်တော့(၅)စီး ၊ ငါးလုပ်ငန်း ဦးစီးကလဲ စစ်ဆေးပြီး တင်တာမရှိဘူး၊ အကောက်ခွန်ကလဲ စစ်ဆေးတာ မရှိဘူး၊ အေ(၃)လုံး ကုမ္ပဏီနဲ့ ဟိန်းမြန်မာ ကုမ္ပဏီ(၂)ခုက လုပ်ဆောင်နေတာ လုပ်ငန်းခွန်လဲ မရှိဘူး၊ အမြတ်ခွန်လဲ မရှိဘူး၊ မြိတ်မှာလဲ အခွန်မဆောင်တာ မရှိဘူး၊ ဓနိမိုးထရံကာနဲ့ လုပ်တယ်ဆိုပေမယ့် ရင်းနှီးမြှပ်နှံမှုက အနည်းဆုံး ကင်းမွန် ပြုတ်ခြောက်ရုံ တစ်ခုက သိန်းပေါင်း(၅၀ဝ၀)လောက်နဲ့ လည်ပတ်နေတာ ဒါကို  အခွန်မရှိဘူး။ နိုင်ငံသား ကုမ္ပဏီတွေ ကိုလည်း ကြည့်ပါအုံး အားလုံးပိတ်ထား ဒုက္ခကို လှလှတွေ့နေ ရတယ်။ ကင်းမွန်ပြုတ်ခြောက် စက်ရုံတွေမှ အလုပ်သမား ဥပဒေလဲ မရှိဘူး၊ အလုပ်သမား ခံစားခွင့်ဆို ဝေလာဝေး။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလဲ ဒါကို စိစစ်ဖို့ လိုပါတယ်..။ တစ်ရက်လောက် ငါးလေလံကို လာရောက် လေ့လာကြည့်စေလို ပါတယ်။ ကင်းမွန်ဝင်တဲ့အချိန်ကို ပြောတာပါ။ 

#သဘာဝပတ်ဝန်းကျင် ဆုံးရှုံးရခြင်း (ဒုတိယနာခြင်း)
သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံးတာတော့ သိချင်သူများ လာရောက်ရောက် ကြည့်ကြပါ။ ဒီရေတော သစ် ပင်တွေနဲ့ ထင်းစိုက်နေတာ တစ်ရုံကို တန်ရာချီ ပြီး ထင်းထိုးနေတာ။ (၁၁)ရုံဆို ဒီရေတော ထင်း တန်သောင်းချီ ပြီး ဆုံးရှုံးတာလေ-- တရုတ်တွေ ဒီရေတော သစ်ပင် တစ်ပင်စိုက်ဖူး တဲ့ကောင်တွေ မဟုတ်ဘူး--အဲအခုတော့ သစ်တော က ဝင်စစ်နေပြီလေ ထင်ခွန်လေး (၁)နှစ်ကို ၅၀ဝ၀ဝိ/- ဆောင်ပြီး တန်သောင်းချီတဲ့ ဒီရေတော သစ်ပင် တွေ ကို ဖျက်ဆီးနေတာ သက်ဆိုင်ရာ ဌာနတွေနဲ့ အစိုးရအဖွဲ့ရုံးကလူကြီးတွေလာရောက် စစ်ဆေးဖို့တော့လို ပါတယ်။ နောက်တစ်ခုက စွန့်ပစ် ပစ္စ့ည်း ပြုတ်ပြီးသား ဆားရေပူတွေ ကိုလည်း စနစ်တကျ ရေနှုတ်မြောင်း များမရှိဘဲ အနီး ပတ်ဝန်းကျင်နားတွေသာ သွန်ပစ်ခြင်း၊ ဆားရေပြုတ် အဟောင်း တွေရဲ့ အနံ့ကတော်တော်ကို ဆိုးပါတယ်။ နိုင်ငံသားပိုင် စက်ရုံတွေကြတော့ ငါးဦးစီးက စစ်လိုက်တာ၊ ရစ်လိုက်တာ၊ စွန့်ပစ် ပစ္စည်းများကို ရေဆင်းရေလာ ကောင်းရမည်။ ကလိုရင်းသုံးရမယ်၊ ငါးမှုန့်စက်ရုံဆိုရင် လဲ ခေါင်းတိုင်က မြင့်ရမယ်၊ တရုတ်ကျတော့ ခေါင်းတိုင် လဲ မရှိဘုး၊ ရေဆင်းရေလာလဲ မရှိဘူး၊ လုပ်ချင်သလိုလုပ် နေတာကို မစစ်ဘူး၊ မျှောတစ်စောင် လုပ်ရင် အဆင့်ဆင့် ရနေတာကို ငြိမ်နေတာပေါ့ ပြောရရင်လဲ အောင်မင်းလွန် ရာကျမယ်။ အခုတော့ သစ်တော ဦးစီးဌာနက ဝင်စစ်ပါလေရော ဒါပေမယ့် တရုတ်တွေကတော့ မရပ်ဘူးဗျာ ဆက် ပြုတ်နေတုန်းဘဲ- - သစ်တော ဘယ်လို အရေးယူမလဲ--- ပြည်မကြီး နိုင်ငံခြားသား တရုတ်တွေကို.. တစ်နှစ်သုံး သမျှ ဒီရေတောထင်းကို တနင်္သာရီတိုင်း ဒေသကြီးမှာ ငါးနှစ်စိုက် တာတောင် မရဘူး။ အဲဒိတော့ ဒီရေတော သစ်ပင်တွေကို မစိုက်ဘဲ စိုက်ပြီးသား သစ်ပင် တွေကို ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းဖို့တော့ လိုအပ်ပါ တယ်။ ဒီရေတောတွေမရှိတဲ့အတွက် ငါးသားပေါက်၊ ပုစွန်သား ပေါက်တွေနေစရာမရှိဘူးဖြစ်နေ တယ်ဗျာ- - ဝါလပ်/ ဝါတန်းတွေ ကိုလည်း ကြည့်ပါအုံး ရပ်ထား ကြတယ်။

#မြေမျိုခံရတာ မဟုတ်ပါဘူး-လူမျိုးခံရတာပါ (တတိယနာခြင်း)
 လူကိြုွေမမျိုခံ ရရင်တောင် သက်သာ အုံးမယ်ဗျာ- အခုတော့ မြိတ်သူ အချောအလှလေးတွေကို တရုတ်နဲ့ နောက်လိုက် အလိုတော်ရိတွေရဲ ဝါးမျိုခြင်းကို မြိတ်မှာ ခံစားနေရပါတယ်ဗျာ-- ကင်းမွန်ခြောက်ရုံတွေမှာ ယောက်ကျား လေးထက် မိန်းကလေးဦးရေက ပိုပြီးများပါတယ်။ အဲဒီထဲကမှာ ရုပ်ရည်လေးသန့်တယ်ဆို၊ ထမင်းချက် ဟင်းချက်၊ အလုပ်သမားခေါင်းဆိုပြီး ခန့်တယ်၊ လစာပိုပေးတယ်၊ အလုပ်သမားတွေ  ညနေပြန်တော့ ဒီကောင်မလေးက မပြန်ရသေးဘူး ထမင်းကျွေးရ သေးတယ်။ နည်းမျိုးစုံးနဲ့စည်းရုံးတယ် ကြာတော့ တရုတ်မယားငယ် ဘဝကို ရောက် ရော- -လူမှုရေးအရ နာမည်တွေတော့ မပြောချင်ပါဘူး၊ လဝကတွေ ဘာလုပ်နေတုန်း၊ နိုင်ငံသားပိုင် ဝါးလပ်၊ ဝါးတန်းတွေ ပင်လယ်ပြင်ထွက်ခါနီး တန်းစီပြီးတော့ လူစစ်တယ်၊ တရုတ်တွေ မြိတ်သူလေးတွေကို တစ်ယောက်ပြီး တစ် ယောက် ယူတယ်၊ ဖျက်ဆီးတယ်၊ အချိန်တန်တော့ ဒီကောင်တွေက ပြန်သွားရော- ကလေးတစ်ယောက်နဲ့ ကျန်ခဲ့ပါ လေရော ဒီကလေးနဲ့ အဖေဘယ်လို တပ်မလဲ ၊ ဒီကလေး ကို နိုင်ငံသားပေး မှာလား၊ အက်ဖ် အာစီပေးမှာလား ၊ အလုပ် သမား လူအခွင့်ရေးတွေ နဲ့ လဝကတွေ  ကင်းမွန်ခြောက် စက်ရုံတွေကို  စစ်ဖူးကြရဲ့လား၊ ကျွန်တော်တို့ တိုင်းဒေသကြီး မှာ လူကြီးနေရာ ယူထားတဲ့ သူတွေ ဘာလုပ်နေကြတုန်းဗျာ-- အများပြောသလို အိပ်ငိုက်နေကြသလား-- တရုတ်နဲ့ ညားတဲ့ မြိတ်သူ(၁၁)ယောက်မှာ ကလေးရသူ (၄)ယောက် ရှိတယ်ဗျာ အတိအကျ ကို ပြောလိုက်ပြီ-- တဖြေးဖြေးနဲ့  နာမည်တွေပါ  ရိုက်ထည့်လိုက်တော့မယ် --- နောက်နှစ် ကျတော့ ဒီ တရုတ်စုတ်က မလာတော့ဘူး--  အဲဒီတော့ မြိတ်သူလေး ခဗျာ ဒုက္ခနဲ့ လှလှ တွေ့ပါရော-- ဒူးနဲ့ မျက်ရည်သုတ် နေရုံ ကလွဲပြီး ဘာမှ မလုပ်နိုင်ဘူး-- ကဲ ဦးလူဝကြီးတို့ အပိုင်းကို သေသေချာချာ လုပ်သလို့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေး အဖွဲ့၊ ဝန်ထမ်း ဥပဒေရေးရာတွေလဲ ဆင်းပြီး စစ်သင့်တဲ့ အချိန်ကို ရောက်ပြီ အဲဒီတော့ နာ(၃)နာကို အဆုံးသတ် လိုက်ပါ တော့မယ်- ပြောပြန်ရင်လဲ အောင်မင်းလွန်ရာကျမယ်
----------။----
 အောင်မင်း(မြို့သစ်ရပ်၊ မြိတ်)
(ဒီမိုဝေယံသို့ပေးစာ)
http://www.demowaiyan.org/2013/11/blog-post_26.html

0 comments: