Tuesday, November 5, 2013

မြိတ်မြို့ ဆိပ်ငယ်ဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်




မြိတ်ခရိုင်မီးသတ် ဦးစီးဌာနမှ ကြီးမှူး၍ မြိတ်မြို့ ဆိပ်ငယ်ဈေး၌ ပြည်သူများ မီးဘေး အန္တရာယ် ကင်းဝေး စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းကို နိုဝင်ဘာလ(၂)ရက် နံနက်(၈) နာရီ တွင် အဆိုပါဈေးတွင် ပြုလုပ်ခဲ့ကြသည်။

ဇာတ်တိုက် လေ့ကျင့်မှုကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ ၊ ထားဝယ်စုရပ် ၊ ဆိပ်ငယ် ရပ်၊ အလယ်ကျွန်းရပ်၊ နောက်လယ်ရပ်၊ မြိတ်တောင်ရပ်၊ ကလွင်ကျေးရွာတို့မှ ကိုယ့်အားကိုယ်ကိုး မီးသတ် ယာဉ် စုစုပေါင်း(၁၅) စီးနှင့် ရေယာဉ် သယ်များဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၄)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၈၅)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့၊ ဈေးသူ ဈေးသားများနှင့် ဈေးသီးသန့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့် ကြသည်။

ဇာတ်တိုက် လေ့ကျင့်ခြင်း တွင် မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ် ဇာတ်တိုက် လေ့ကျင့်နေစဉ် မြိတ်မြို့ ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ဈေးအတွင်း ထိခိုက်ဒဏ်ရာ ရရှိမှုများဖြစ်ပွား ပါက ရှာဖွေ ကယ်ဆယ်လုပ်ငန်းများ ဖြစ်သော လူနာသယ်နည်းနှင့် အမျိုးမျိုး၊ ထိခိုက် ဒဏ်ရာရရှိသူ များအား ရှာဖွေကယ် ဆယ်နည်း၊ ရှေးဦး သူနာပြုစုနည်း ဇာတ်တိုက် လေ့ကျင့်မှုအား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးသက်ဦးရှိန်တို့ ကြီးကြပ် ကွပ်ကဲ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။


IPRD MYEIK

0 comments: