Tuesday, November 5, 2013

ဒုံးပုလဲအော်ကျေးရွာ ၌ ဆလုံလူမျိုးများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ ကျင်းပ

ကျွန်းစုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဒုံးပုလဲအော် ကျေးရွာ၌ ဆလုံလူမျိုး များအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများပေး အပ်ပွဲကို နိုဝင်ဘာလ(၃)ရက် နံနက်(၁၁း၃၅) နာရီတွင် ဒုံးပုလဲအော် အလက(ခွဲ)ကျောင်း၌ ကျင်းပသည်။
 


ရှေးဦးစွာ တနင်္သာရီ တိုင်းဒေသကြီး သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုးက အမှာစကားပြောကြား ရာတွင် တိုင်းရင်းသား လူမျိုးများထဲမှ တစ်မျိုးဖြစ်သည့် ဆလုံ လူမျိုးများ၏ ရိုးရာ ဓလေ့များ မပျောက် ပျက်အောင် ထိန်းသိမ်းကြရန်၊ ဆလုံလူမျိုးများ ဘ၀ မြင့်တင်ရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထိုနောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး က ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှု ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကျွန်းစုမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ကွင်းဆင်း၍ စိစစ် ဆောင်ရွက် ခဲ့သော ဆလုံလူမျိုး (၂၀၂)ဦးနှင့် အခြားတိုင်းရင်းသား လူမျိုး (၁၄၆) ဦးတို့ အတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား(၃၄၈)ခုအား တိုင်းဒေသကြီး သစ်တော/သတ္တုဝန်ကြီး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးဝင်းမြတ်ထွဋ် တို့က အသီးသီး ပေးအပ်ခဲ့ ကြောင်း သတင်းရ ရှိသည်။
IPRD MYEIK

0 comments: