Thursday, November 7, 2013

နယ်လှည့်ဆေးကုသရေးအဖွဲ့ အခမဲ့ ကွင်းဆင်း ဆေးကုသ


 

မြိတ်ခရိုင် မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဆရာတော် မဟာ သဒ္ဒမ္မဇော တိကဓဇ ဘဒ္ဒန္တ သုဇာတနှင့် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့ ဦးဆောင်သော မြိတ် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ အထူးကု ပါရဂူကြီးများနှင့် အထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုများမှ... နိုဝင်ဘာလ(၃)ရက် နံနက်(၈)နာရီတွင် ပင်းအိုကျေးရွာ အုပ်စုတွင် အခမဲ့ ကွင်းဆင်း ဆေးကုသသည်။




အဆိုပါ ကွင်းဆင်းဆေးကုသ အဖွဲ့သည် ပင်းအိုကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများဖြစ်သော ငါးအင်း ကျောက်ဖြူ၊ သဘွတ်၊ ၀န်မယ် ကျေးရွာများမှ ပြည်သူ(၃၃၉)ဦးအား မျက်စိအထူးကု ဆရာဝန်ကြီး၊ ခွဲစိတ် အထူးကု ဆရာဝန်ကြီး၊ အထွေထွေ ရောဂါကု ဆရာဝန်ကြီး၊ သွားအထူးကု ဆရာဝန်၊ ကလေး အထူးကု ဆရာဝန်များနှင့် သူနာပြုများအား ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်း ဦးဆောင်၍ ကျန်းမာရေး ဆေးစစ်ပေးပြီး အခမဲ့ ကုသ ပေးကြ၍ ဆေးများ အခမဲ့ ပေးဝေခဲ့သည်။

၎င်းကျေးရွာများ မြိတ်မြို့မှ (၁၅)မိုင်ခန့် ကွာဝေးပြီး ကျေးရွာပြည်သူ အများစုသည် ဥယျာဉ်လုပ်ငန်း လယ်ယာ လုပ်ငန်းလုပ်ကိုင်သည့် တောင်သူများ အများဆုံး နေထိုင်၍ ယခုကဲ့သို့ မြို့နှင့် အလှမ်းကွာဝေးသော ကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာနေ ပြည်သူ များအား အထူးကု ဆရာဝန်ကြီးများက ပြည်သူများ အပေါ် ထိထိ ရောက်ရောက် အခမဲ့ ကွင်းဆင်း ဆေးကုသ ပေးခြင်းသည် ပြည်သူများ များစွာ အကျိုးရှိကြောင်းနှင့် ပြည်သူများ ၀မ်းသာ ပီတိ ဖြစ်ရကြောင်း သတင်းရ ရှိသည်။

IPRD MYEIK

0 comments: