Saturday, November 9, 2013

ပြည်ထဲရေး ဒုတိယ ၀န်ကြီးက ပြည်သူ့ လွှတ်တော်တွင် လောင်းကစားခြင်းနှင့် ပတ်သက်၍ မေးခွန်းများ ဖြေကြားပြီးနောက် မြိတ်မြို့နယ် အတွင်း ရဲတပ်ဖွဲ့ဝင်များက လောင်းကစား ဒိုင်များ အား ဖမ်းဆီး အရေးယူ လျက်ရှိ



ပြည်ထဲရေး ၀န်ကြီးဌာန အနေဖြင့် လောင်းကစား ဖမ်းဆီး အရေးယူမှု များကို နေ့စဉ်ကြပ် မတ်ပြီး နေ့အလိုက်၊ အပတ်စဉ် အလိုက်၊ လအလိုက် တိုးတက်မှု ရှိစေရန် အတွက် တွန်းအားပေးမှုများကို အမြဲမပြတ် ပြုလုပ်လျက် ရှိပါကြောင်း၊ ၁၉၈၆ ခုနှစ်၊ လောင်းကစား ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(က) တွင် လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်း ကစားခြင်း၊ ကျွမ်းကျင်မှု ကစားခြင်း တစ်ခုခုတွင် ပါဝင်ပြီး ငွေကြေး အတွက် လည်းကောင်း၊ ငွေကြေး တန်ဖိုး ရှိသော သို့မဟုတ် ငွေကြေး တန်ဖိုး အဖြစ် ပြောင်းလဲ သတ်မှတ်ရန် သဘောတူ ပြီးဖြစ်သော ပစ္စည်း တစ်စုံတစ်ရာ အတွက် လည်းကောင်း၊ အကောက်အစား ယူသည်ဖြစ်စေ၊ မယူသည် ဖြစ်စေ လောင်း ကစားခြင်းကို ဆိုလိုသည် ဟူ၍ လည်းကောင်း၊ ပုဒ်မ၂ ပုဒ်မခွဲ(ဃ) လောင်းကစား ကိရိယာ ဆိုသည်မှာ လောင်း ကစားခြင်း ပြုလုပ်ရာ၌ အသုံးပြုသော ဖဲ၊ အံစာ၊ မာကျောက်၊ တုံကင်၊ ဒင်္ဂါး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားခွက်၊ ဇယား၊ ကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ်၊ စာရင်း၊ လောင်းကစားခြင်း အတွက် ကြံစည်ပြုလုပ် ထားသော သို့မဟုတ် အသုံးပြုနိုင်သော အခြား အရာများ၊ လောင်းကစားခြင်း၌ အသုံးပြုသော တိရစ္ဆာန်၊ ယာဉ်ကို ဆိုလိုသည် ဟူ၍ လည်းကောင်း ပြဋ္ဌာန်း ထားရှိပြီး ဖြစ်ပါကြောင်း။ လောင်းကစား ဥပဒေ၏ အဓိပ္ပာယ် ဖွင့်ဆ ချက်များ အရ အီလက် ထရောနစ် ကိရိ ယာ များဖြင့် ကစားရာတွင် ငွေကြေး အတွက် လည်းကောင်း၊ ငွေကြေး တန်ဖိုးရှိသော သို့မဟုတ် ငွေကြေး တန်ဖိုးအဖြစ် ပြောင်းလဲ သတ်မှတ်ရန် သဘော တူပြီးဖြစ်သည့် ပစ္စည်း တစ်စုံတစ်ရာ အတွက်လည်းကောင်း ကစားလျှင် လောင်းကစား ဥပဒေအရ အရေးယူနို င်ကြောင်း အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက (၂၈-၁၀-၂၀၁၃) ရက်နေ့တွင် ဂိမ်းကစားခြင်းများ ကို အခြေပြုပြီး လောင်းကစားနေခြင်း များအား လောင်းကစား ဥပဒေနှင့် တည်ဆဲ ဥပဒေများ အရ အရေးယူရန် အစီစဉ် ရှိ/ မရှိ ပြည်သူ့ လွှတ်တော်တွင် မေးမြန်းသည့် မေးခွန်းအား ပြည်ထဲရေး ဒုတိယ၀န်ကြီးက ဖြေကြားခဲ့သည်။ 



 
ထိုသို့ ဒုတိယ ၀န်ကြီးက လွှတ်တော်တွင် မေးခွန်းများ ဖြေကြား ပြီးနောက် တစ်ပတ် အတွင်း မြိတ်မြို့ပေါ်ရှိ မြိတ်ကုန်တိုက်နှင့် ကရ၀ိက် စတိုးဆိုင်တို့တွင် ဖွင့်လှစ်ထားသော ရွှေငါးပစ်ဂိမ်း၊ ပန်းသီးဂိမ်း၊ (၃၆)ကောင် ဂိမ်းစက်များ ပြန်လည် ဖြုတ်သိမ်းထားသည်ကို တွေ့ရှိရသည်။ ယခင်က မြိတ်မြို့နယ် အတွင်း ပြုလုပ်လျက် ရှိသည့် နှစ်လုံး ၊ သုံးလုံးနှင့် ဘောလုံးပွဲ လောင်းကစား ဒိုင်များ မှာလည်း လောင်းကစားခြင်း ပြုလုပ်ခြင်း မရှိတော့ပဲ ပိတ်သိမ်းလျက် ရှိသည်ကို တွေ့ရှိသည်။ 

ထို့အပြင် ယခင်က ညလုံးပေါက် ဖွင့်လှစ်လျက် ရှိသည့် ကေတီဗီ များမှာလည်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်း များ၏ လှည့်ကင်း၊ ပတ်ကင်းများဖြင့် ၀င်ရောက် စစ်ဆေး အရေးယူ ဆောင်ရွက် သဖြင့် ည (၁၁) နာရီ ထိုးတွင် ဆိုင်များ ပိတ်သိမ်းလျက်ရှိကြောင်း၊ အချိန်မတော်ဖွင့်လှစ်လျက် ရှိသော ဆိုင်များကိုလည်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၈၈) ဖြင့် အရေး ယူလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments: