Saturday, November 2, 2013

အစ္စလမ်မစ်သူပုန်များ ဝင်လာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်ရွာအနီး၊ သစ်တောကြိုးဝိုင်း အတွင်းသို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ အစွန်းရောက် အစ္စလမ်မစ် သူပုန်များ ဝငလာမည့်ကို မြိတ်ဒေသခံများ စိုးရိမ်နေကြောင်း ဒေသခံတစ်ဦးက People Power သို့ ဆက်သွယ်ပြောကြားသည်။


ထိုင်းနိုင်ငံနှင့် နယ်စပ် ဆက်နေသော နယ်စပ် နေရာဖြစ်သည့် ယင်းသစ်တော ကြိုးဝိုင်းအတွင်းရှိ မြေဧက ၁၀၀၀၀ကို Moon as star (ကြယ်နှင့်လ) ကုမ္ပဏီမှ နှစ်၃၀ မြေအဌားစာချုပ်ဖြင့် ဌားရမ်းလုပ်ကိုင်ရန် သစ်တော ဝန်ကြီးဌာနသို့ လျှောက်ထားကြောင်း ၎င်းကရှင်းပြသည်။

“ဘာသာခြား ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့် ပေးလိုက်မယ်ဆို ထိုင်းနိုင်ငံဘက်က အစ္စလာမ်မစ်စစ်သွေးကြွ သူပုန်တွေ လာရောက်တောခိုမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်" ဟု မောတောင်ရွာသားများ၏ စိုးရိမ်မှုကို ၎င်းက ကိုးကား၍ ပြောဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်းအတွက် စိုက်ပျိုးမြေအဖြစ် ဖန်တီးလိုခြင်းဖြစ်ပြီး ဒေသခံများကို ကန်ထရိုက် စနစ်ဖြင့် ပြန်လည်လုပ်ကိုင်စေမည် ဖြစ်ကြောင်း Moon as star (ကြယ်နှင့်လ)ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးတင်သန်းဦးက ရှင်းလင်းပြောဆိုသည်။

“အစ္စလာမ်မစ် စစ်သွေးကြွ သူပုန် ကိစ္စက မဟုတ်ပါဘူး။ စီးပွားရေး ပြိုင်ဘက်တွေက လွှင့်တဲ့ ကောလဟလတွေပါ” ဟု ၎င်းက ပြောဆိုသည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မွတ်စလင်သူပုန်များသည် ထိုင်းအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များပြုလုပ်လျက် ရှိသော်လည်း ယနေ့ထိ ငြိမ်းချမ်းရေး မရသေးဘဲ ထိုင်းနိုင်ငံမှ သီးခြား ခွဲထွက်ရန် တောင်းဆိုမှု ပြုလုပ်နေဆဲဖြစ်သည်။

People power

0 comments: