Tuesday, November 5, 2013

မြိတ်ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ




မြိတ် ကုန်စည်ပြပွဲနှင့် ဈေးရောင်း ပွဲတော်ကို နိုဝင်ဘာလ(၄)ရက် ညနေ(၅)နာရီ တွင် မြိတ်တောင်အား ကစားကွင်းတွင် ကျင်းပရာ ကုန်စည်ပြပွဲနှင့် ဈေးရောင်း ပွဲတော်အား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ROYAL MYAWADDY CO, LTD မှ SALES & MARKETING MANAGER ဦးနေသူရိန်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။




ယင်းနောက် တက်ရောက် လာကြသူများက မြိတ်ကုန်စည်ပြပွဲနှင့် ဈေးရောင်း ပွဲတော်တွင် ခင်းကျင်း ရောင်းချလျက်ရှိသော ကုန်စည်များအား ကြည့်ရှုအားပေးကြသည်။ အဆိုပါဈေး ပွဲတော်အား နိုဝင်ဘာလ(၈) ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ရောင်းချသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
IPRD MYEIK

0 comments: