Saturday, November 30, 2013

မြိတ်မြို့ အမျိုးသမီး သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင်ြ့မင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၅)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း (၆၄) ဆင်းပွဲ ကျင်းပ

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ ဘ၀လုံခြုံရေး၊ စီးပွားရေးအထောက်အကူပြု အတတ်ပညာ များ တတ်မြောက်စေရေး၊ တတ်မြောက်ထားတဲ့ပညာရပ်များဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး မိသားစု ဘ၀ တိုးတက်မြင့်မားစေရေး၊ တိုင်းတစ်ပါးကိုအထင်မကြီးဘဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတတ်ပြီး လမ်းမှား မရောက် စေရန်၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီး သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း၌ အဆင်ြ့မင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၅)နှင့် အခြေခံအိမ်တွင်းမှု သင်တန်း (၆၄)ဆင်းပွဲကို နိုဝင် ဘာလ(၂၉)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။


ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တော/ သတ္တုဝန်ကြီး ဦးတင်စိုးက အမှာစကား ပြောကြားရာတွင် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း တက်ရောက် ခဲ့သော သင်တန်းသူ များအနေဖြင့် မိမိတို့ တတ်မြောက်ထားတဲ့ ပညာရပ်များကို ထပ်မံတိုးပွားအောင် ဆက်လက်လေ့လာ အသုံးချပြီး အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်း ပညာရှင်များဖြစ်သည် အထိ ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်စေ လိုကြောင်း၊ သင်တန်းမှ သင်ကြားပေးခဲ့တဲ့ လက်မှုနှင့် စက်ချုပ်ပညာရပ်များ အပြင် ဆွေးနွေး သင်ကြားပေးခဲ့သော ပြည်ထောင် စုစိတ်ဓာတ် ဘာသာရပ်၊ ယဉ်ကျေးမှုဘာသာရပ်များကို အလေးထား မှတ်သားလိုက်နာကြပြီး အကျင့်စာရိတ္တ မြင့်မား၍ အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အမျိုးကောင်း သမီး များဖြစ်အောင် ပြုမူနေထိုင် သွားကြရန် ပြောကြားခဲ့သည်။

ထိုနောက် သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ယုယုကြည်က သင်တန်းနှင့်ပတ်သက်သည်များ ရှင်းလင်းတင်ပြပြီး သင်တန်းတွင် ထူးချွန် ဆုရရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တော/သတ္တု ၀န်ကြီး မှ ပေးအပ်ချီးမြှင့်၍ သင်တန်းကျောင်းကျောင်းအုပ်က သင်တန်း ဆင်း လက်မှတ် ပေးအပ်သည်။ ဆက်လက် ၍ သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနား ရုပ်သိမ်းသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာများ ကြည့်ရှု အားပေးကြသည်။ မြိတ်မြို့ အမျိုးသမီးသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသည် ယခင်အစိုးရ လက်ထက် တွင် သင်တန်း(၈၅)ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ(၂၁၆၀) ဦး၊ ယခု အစိုးရလက်ထက်တွင် သင်တန်း(၁၆) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ(၆၁၂)ဦး စုစုပေါင်း(၂၇၇၂)ဦးအား အိမ်တွင်းမှုပညာ၊ လက်မှုပညာနှင့် စက်ချုပ်ပညာရပ်များကို သင်ကြားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

iprd myeik

0 comments: