Wednesday, November 27, 2013

ဓားဖြင့်တွတ်၍ ဆိုင်ကယ်လုယူ မောင်းပြေးသူအား ဖမ်းဆီးမိ


၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်၊ ညနေ (၃း၃၀)အချိန်ခန့်တွင် ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ၊ အမှတ် ()ရပ်ကွက်နေ စိုးကိုဦး () စိုးကို (၂၃)နှစ် () ဦးမောင်အေးသည် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာနေ သန်းထိုက်အောင် () ခွေးထုပ် (၁၉)နှစ် () ဦးကြူကြည်၏ ၃၅ယ/----------- Wave 100 Alpha အမျိုးအစား အနီရောင် ဆိုင်ကယ်အား မီးလောင်ချောင်း ကျေးရွာမှ ပလကျေးရွာသို့  သွားမည်ဟုဆိုကာ ဆိုင်ကယ် ငှားရမ်းခေါ်ယူ မောင်းနှင်စေခဲ့ပြီး ကြဲကျေးရွာနှင့် စက်တော်ရာကျေးရွာအကြားရှိ မြိတ်-ပုလောကားလမ်း မိုင်တိုင် အမှတ် (၁၁၈/)နှင့် (၁၁၈/)ကြားသို့ အရောက် ဆိုင်ကပ်ရပ်၍ နှစ်ဦးစလုံး လမ်းဘေး တစ်နေရာစီ အပေါ့သွားကြရာ တရားခံ စိုးကိုဦးမှ ဆိုင်ကယ်ရှိရာသို့ အရင် ရောက်ရှိနေပြီး ဆိုင်ကယ်စက်နှိုး မောင်းထွက်မည် ပြုလုပ်နေစဉ် ပိုင်ရှင်ဖြစ်သူမှ တွေ့ရှိပြီး ဆိုင်ကယ်ရှိရာသို့ အော်ဟစ်တားမြစ်ရောက်ရှိလာသည့်အခါ တရားခံ စိုးကိုဦးမှ ၄င်းလက်ထဲတွင် အသင့်ကိုင်ဆောင်ထားသော အရိုးအသွား ()လက်မခန့်ရှိ ဓားဦးချွန်ဖြင့် လှမ်းတွတ် သဖြင့် ပိုင်ရှင်ဖြစ်သူမှ ရှောင်လိုက်စဉ် တရားခံမှ ဆိုင်ကယ် လုယူ ထွက်ပြေးသွားခဲ့သည်။



ပိုင်ရှင်ဖြစ်သူမှာ လမ်းလျှောက် ပြန်လာစဉ် နယ်မြေ သတင်းစုံစမ်းရန် ရောက်ရှိလာသော ပလရဲကင်းမှ ရဲတပ်ကြပ်ကြီး ထွန်းထွန်းဝင်းနှင့်တွေ့၍ အကူအညီ လှမ်းတောင်းသဖြင့် ပလရဲကင်းမှူးထံသတင်းပို့ကာ ပလကျေးရွာ အ၀င်၌ ပလရဲကင်းမှူး ရဲအုပ် အေးမင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဓားနှင့်တွတ်ပြီး ဆိုင်ကယ်အား ခိုးယူထွက်ပြေးသွားသူ စိုးကိုဦး () စိုးကိုအား စောင့်ဆိုင်း ဖမ်းဆီးရမိသဖြင့် ပုလောမြို့နယ် ပုလောမြို့မရဲစခန်းမှ () အမှတ် ၁၂၉/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၈၂)အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်

0 comments: