Saturday, November 30, 2013

မြိတ်ခရိုင်အတွင်းရှိ ကျေးရွာ ၄၇ ရွာသို့ အပေါ့စား မီးသတ်စက် များအား ပံ့ပိုးမည်

ကျေးလက်ဒေသ မီးဘေး ကြိုတင် ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင် အပေါ့စား မီးသတ်စက် များအား မြိတ်ခရိုင် အတွင်းရှိ ကျေးရွာ(၄၇)ရွာ အတွက် မြိတ်မြို့နယ် အတွက် (၁၁)လုံး၊ ကျွန်းစုမြို့နယ် အတွက်(၁၅)လုံး၊ ပုလောမြို့နယ် အတွက်()လုံး၊ တနင်္သာရီမြို့နယ် အတွက် ()လုံး၊ ပလောက်မြို့နယ်ခွဲ အတွက်()လုံး၊ ခရိုင်အတွင်းရှိ မြို့နယ်မီးသတ် စခန်း()ခုအတွက် စခန်းတစ်ခု လျှင်()လုံးစီ စုစုပေါင်း (၅၅)လုံးကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။




အဆိုပါ အပေါ့စား မီးသတ်စက် အမျိုးအစားမှာ ဓာတ်ဆီလောင်စာ အသုံးပြုသည့် KENBO အမျိုးအစား နှင့် KEMAGE အမျိုးအစားများ  ဖြစ်ပြီး မီးသတ်စက်တစ်လုံးစီတွင် ရေစုပ်ပိုက်အရှည် (၂၅)ပေ၊ ရေပက်ပိုက် အရှည်(၆၀)ပေ၊ ရေပက် ပိုက်ခေါင်းတစ်လုံး ပါရှိကြောင်း သတင်းရရှိသည်။

0 comments: