Wednesday, November 27, 2013

မြိတ်မြို့၌ (၉၃)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြိတ်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် (၉၃)နှစ်မြောက် အမျိုး သားနေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ(၂၇)ရက် နံနက်(၈)နာရီက ကျင်းပရာ ရှေးဦးစွာ အထက (၃)ကျောင်းသား/သူများက ပြည်မြန်မာသီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်သည်။




ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတထံမှ ပေးပို့သော (၉၃)နှစ်မြောက် အမျိုးသားနေ့ သ၀ဏ်လွှာအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ဖတ်ကြားသည်။ ဆက်လက်၍ အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံး အထက်တန်း အဆင့်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ သူများကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးကလည်းကောင်း၊ အလယ်တန်း အဆင့်ပြိုင်ပွဲ တွင် ဆုရရှိသော ကျောင်း သား/သူများကို မြိတ်ခရိုင်ပညာရေးမှူး ဦးကြည်သန်းက လည်းကောင်း၊ မူလတန်း အဆင့်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများကို မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက လည်းကောင်း အသီးသီး ပေးအပ် ချီးမြှင့် ကြသည်။

ထိုနောက် အထက (၃)ကျောင်းသား/သူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနား ရုပ်သိမ်းသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/မ၊ ကျောင်းသား/ သူများ၊ ဖိတ်ကြားထားသူမား တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
IPRD MYEIK

0 comments: