Friday, November 22, 2013

ဦးဝိုင်တင်၏ လုပ်ရပ်အပေါ် မကျေနပ်၍ တိုင်ကြားခြင်း



သို့

ဝန်ကြီးချုပ်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့
ထားဝယ်မြို့

ဦးဝိုင်တင်၏ လုပ်ရပ်အပေါ် မကျေနပ်၍ တိုင်ကြားခြင်း


ဝန်ကြီးခင်ဗျား..

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ် () ရပ်ကွက်၊ ရွှေစံပယ်လမ်း နေထိုင်သူ ဦးဝိုင်တင်သည် အင်းလေးကမ်း ကူးတို့ဆိပ်နေရာ၌ ကျူးကျော်အိမ်တစ်လုံး ဆောက်လုပ်နေထိုင်ပြီး လက်ဖက်ရည်ဆိုင်နှင့် ဈေးဆိုင်ဖွင့်၍ စီးပွားရေး ကိုယ်ကျိုးရှာနေသည့်အပြင် ကျွန်တော်တို့ ဆင်းရဲသား လက်လုပ် လက်စား လှေငယ်သမားများ ၀င်/ထွက် ဆိုက်ကပ်နေသည့် ကူးတို့ဆိပ်ကို သူပိုင်မြေအလား ခြံခတ် ပိတ်ဆို့ ပစ်လိုက်ပါသည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ကျွန်တော်တို့လှေငယ်များ ဆိုက်ကပ် ပစ္စည်းတင်ချ၍  မရတော့ပါ။ ပစ္စည်း တင်ချချင်လျှင်လည်း သူကိုယ်ပိုင် ဆောက်လုပ်ထားသော တံတား၌ လှေတစ်စီးကို ငါးရာ၊ တစ်ထောင်ဖြင့် အဓမ္မကောက်ခံ ပါသည်။ ထိုသူ၏လုပ်ရပ်ကို မကျေနပ်ကြသော လမ်းသူလမ်းသား (၂၀)ဦးမှ (၁၄--၂၀၁၃) ရက်နေ့တွင် မြို့နယ်စည်ပင်၊ ဆိပ်ကမ်းအာဏာပိုင်နှင့် အထွေထွေ အုပ်ချုပ်ရေးရုံးများသို့ လက်မှတ်ထိုး တိုင်ကြားစာ ပေးပို့ခဲ့ပါသည်။ များမကြာမှီ ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကွင်းဆင်း စစ်ဆေး၍ ဖြိုဖျက်ခိုင်းခဲ့ ပါသော်လည်း ခေါင်းမာသော ၄င်းဦးဝိုင်တင်မှ ယနေ့အထိ လုံးဝ ဖြိုဖျက်ပေးခြင်း မရှိသေးပါ။ ယခုအခါ ၄င်းကိုယ်ပိုင်မြေကွက်ဖော်ရန် ကြံစည် ထားသောနေရာ၌ အမှိုက်များပုံထားသည်ကို တွေ့ရပါသည်။



၎င်းအမှိုက်ပုံကြောင့် လမ်းသူ လမ်းသားများ၏ ရင်ထဲ၌ ဗူးလေးရာ ဖရုံဆင့် ဆိုသလို အချိန်အခါမရွေး ပေါ်ပေါက် စေနိုင်သော မီးဘေးအန္တရာယ်ကိုပါ ထပ်ဆင့်ပြီး စိုးရိမ်ခံစား နေကြရပြန်ပါသည်။ ကျွန်တော်တို့ရပ်ကွက်သည် မြိတ်မြို့၌ အဆင်းရဲဆုံး ရပ်ကွက်တစ်ခုဖြစ်သော်လည်း ဦးဝိုင်တင်မှာ အချမ်းသာဆုံး လူတစ်ယောက် ဖြစ်သောကြောင့် သူ့အား မည်သူမှ မပြောရဲကြပါ။ "၀န်ကြီးအဆင့် ပျင်းတယ်၊ နေပြည်တော်အထိ သွားတိုင်" ဟု စာမတတ်သော ကျွန်တော်တို့  ဆင်းရဲသားများကို လေသံခပ်မာမာနှင့် အားပေးပါသည်။

ထိုကြောင့် ကျွန်တော်တို့ ဆင်းရဲသားများ၏ ရင်ထဲ၌ ဦးဝိုင်တင်နှင့်ပတ်သက်၍ အောက်ပါမေးခွန်းတစ်ချို့ ထွက်ပေါ်လာခဲ့ ပါသည်။

() ဌာနဆိုင်ရာ အကြီးအကဲ တစ်စုံတစ်ယောက်နှင့် ၄င်းအကြား လာဘ်ပေး  လာဘ်ယူမှု တစ်စုံတစ်ရာ ရှိနေပါသလား။

() ၄င်းကိုယ်တိုင်က ဌာနဆိုင်ရာများကို မလိမ့်တပတ် လိမ်ညှာလှည့်ဖြား  နေပါသလား။

() လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းပြောသော ဥပဒေပေါ်၌ ဦးဝိုင်တင်  ရှိနေပါသလား။

() ဦးဝိုင်တင် အပေါ် အုပ်ချုပ်ရေး ယန္တရား၏ အာဏာသက်ရောက်မှု ကင်းမဲ့နေပုံကို သက်သေပြနေပါသလား ဆိုသည့် မေးခွန်းများ ဖြစ်ပေါ်နေ သည့်အပေါ် ၀န်ကြီးချုပ်အနေဖြင့် အမြန်ဆုံးနည်းနှင့်ပြေလည်အောင် အရေးယူ
ဆောင်ရွက်ပေး ပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်ခင်ဗျား။

အားကိုး ယုံကြည်စွာဖြင့်-

ရွှေစံပယ် လမ်းသူ၊ လမ်းသားများ
မြို့သစ် ()ရပ်ကွက်၊
မြိတ်မြို့။
2013 ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့

0 comments: