Tuesday, April 8, 2014

မြိတ်-ထားဝယ် ကားလမ်း မိုင် တိုင် အမှတ်(၈၅/၄)အနီးယာဉ်တိုက်မှုဖြစ်။ ABSDF ကျောင်းသားတပ်မတော် ရဲဘော်တစ်ဦး သေဆုံး

၂၀၁၄ ဧပြီလ ၇ ရက် မွန်းလွဲ (၃)နာရီခန့်က ပုလောမြို့နယ် ထမင်းမစားကျေးရွာ အုပ်စု တော်ဝင်ကျေးရွာ အနီး ကားလမ်းမ ပေါ်တွင် ထားဝယ် မှ မြိတ်သို့မောင်းနှင် လာသည့် "ရွှေထားဝယ်"(4C/4827)နှင့် မြိတ်မှထားဝယ်သို့ မောင်းနှင် သည့် Hi Jet (၁စ/၅၉၄၀)မျက်နှာချင်းဆိုင် တိုက်မိ သဖြင့် Hi Jet ပေါ်ပါလာသူ တစ် ဦး အခင်းဖြစ်ပွား သည့်နေရာတွင် ပွဲချင်းပြီးသေဆုံး၍ ကျန် ၅ ဦးမှာ "ပ လောက်"ပြည်သူ့ဆေးရုံ သို့ အတွင်း လူနာအဖြင့် တင် ပို့ပေးခဲ့ပါသည်။ အဆိုပါ အတွင်းလူနာ ၅ ဦးအနက် မှ ဒဏ် ရာပြင်းထန် သည့် လူနာနှစ်ဦး ကို "ထားဝယ် ပြည်သူ့ဆေးရုံ"သို့ ယ နေ့ ၈ ရက်နေ့ နံနက်(၃)နာရီတွင် လွှဲပြောင်းတင် ပို့ ခဲ့ပါသည်။



ယာဉ်တိုက်မှု ဖြစ်ပွားသည့် Hi Jet ကားပေါ်ပါလာသူများ မှာ မြိတ်မြို့၌ ကျင်းပခဲ့သည့် "ABSDF"ကျဆုံးရဲဘော် များအား ဒီမိုက ရေစီ သူရဲကောင်း ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲ မှ မိခင် တပ် ရင်းသို့ အပြန် အခင်း ဖြစ်ပွားခဲ့ ခြင်းဖြစ်ပါသည်။ သေဆုံးသူမှာ "ABSDF"မှ လက် ရှိ တာဝန် ထမ်းဆောင်နေ သော ရဲဘော်"ခွန် ဒီး ယျူ"ဖြစ် သည် ဟု သိရှိရပါသည်။

myat.htut FB မှ ကူးယူဖော်ပြပါသည်။
https://www.facebook.com/myat.htut.73/posts/422139237930201

0 comments: