Saturday, April 12, 2014

သင်္ကြန်ပွဲတော်၌ လိုက်နာရန်အတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကြေညာချက်များ ထုတ်ပြန်

မဟာသင်္ကြန်ပွဲတော်၌ ဆိုင်ကယ် အိတ်ဇော ပိုက်ဖြုတ် မမောင်းရန်။  ဘေးတွဲ ဆိုင်ကယ်၊ ထော်လာဂျီဖြင့် ရေပက်ခံ မထွက်ရ။ ရေပက်ခံကားများတွင် တုတ် ဓား ကို သယ်ဆောင်ခြင်း မပြုရ။ အရက်ဘီယာ သောက်သုံးပြီး ယာဉ်များ မောင်းနှင်ခြင်း မပြုရန် ၊ လူကို နာကျင်စေနိင်သည့် ရေပက်ခြင်း ရေပူဗောင်းများဖြင့် မပက်ရန်၊  နိင်ငံတော်ကို အကြည်ညိုပျက် စေသည့် သံချပ်ထိုးခြင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်စေသည့် ပြောဆိုခြင်း၊ နိင်ငံခြားအလံကို ကိုင်ဆောင် အသုံးမပြုရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို မထိခိုက်အောင် ၀တ်စား ဆင်ယင်ရန် စသည့် စည်းကမ်းချက် လိုက်နာရန်နှင့် စည်းကမ်းချက်များ ချိုးဖောက်ပါက တည်ဆဲ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း  မြိတ်မြို့ မဟာသင်္ကြန် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ထုတ်ပြန်ကြေညာ ထားသည်။ 


 ဓာတ်ပုံ - သင်္ကြန်ပွဲတော်အတွက် ကြိုတင် ပြင်ဆင်နေသည့ှ်မဏ္ဍာပ် တစ်ခုအား တွေ့ရစဉ်
 
ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ မီးသတ် ၊ ကြက်ခြေနီ ၊ အထောက်အကူပြု အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်မှာ ဖြစ် ပါတယ်။ သင်္ကြန် မတိုင်ခင်ကတည်းက အိပ်ဇော် ပိုက် ဖြုတ်ပီး မောင်းနှင်နေတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ သင်္ကြန်ပြီးမှ ပြန်ထုတ်ပေး မှာပါ။ ဥပဒေအတိုင်း အရေးယူမှာပါ။ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကိုတော့ သွင်းကုန် / ထုတ်ကုန် ဥပဒေနဲ့ပါ အရေးယူမှာပါဟု မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 

ထို့အပြင် သင်္ကြန်ကာလအတွင်း အထူး တရားရုံးတစ်ရုံး ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး သင်္ကြန်ကာလ အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရောင်းဝယ် ဖောက်ကားမှုနှင့် ခိုက်ရန် ဖြစ်ပွားမှုတို့ အတွက် ချက်ချင်း အမှုစစ် ၊ ချက်ချင်း ပြစ်ဒဏ် ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ကျွန်တော်တို့ အနေနဲ့ ရပ်ကွက်အလိုက် နယ်မြေ ရဲကင်းများ၊ အုပ်ချုပ်ရေးမှူးများ၊ မီးသတ် ကြက်ခြေနီများနဲ့ ပူးပေါင်းပြီး လုံခြုံရေး စခန်းတွေ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။ နေ့ည မပြတ် လှည့်ကင်း ၊ ပတ်ကင်း များနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပြီး မြိတ်မြို့သူ မြို့သားတွေ အေးချမ်းစွာနဲ့ သင်္ကြန်ပွဲ ဆင်နွဲနိုင်အောင် လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေး ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဟု ၄င်းက ဆက်လက်ပြောကြားသည်။ 

ယခုနှစ်တွင် မြိတ်မြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဗဟိုမဏ္ဍာပ်ကို လေယာဉ်ကွင်းလမ်းတွင် ပြုလုပ်ခြင်း မရှိပဲ မြိတ်မြို့တွင်း ဖြစ်သည့် ကန်ဖျားရပ် ကန်ဖျားလမ်းမကြီးပေါ်ရှိ တိုင်းစည်ပင်ရုံးတွင် ပြုလုပ်ထားသည်။ မြိတ်မြို့တွင် သင်္ကြန်ကာလ ကန်ဖျားလမ်းမကြီး၊ မြေနီလမ်း ၊ အလယ်ကျွန်းရပ် ကြောင်ငယ် ဘုရားကိုင်လမ်း၊ မြို့သစ် လမ်းမကြီး တစ်လျှောက်တို့မှာ အထူး စည်ကားသော နေရာများ ဖြစ်သည်။ 






0 comments: