Tuesday, April 29, 2014

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပုလောမြို့၌ ဆန္ဒဖော်ထုတ်

ပုလောမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်၍ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ခြင်းကို ယနေ့ (၂၉) ရက် နံနက် (၉) နာရီ အချိန်  အမှတ်(၁) ရပ်ကွက် ဗိုလ်မှူးဗထူး လမ်းရှိ မြို့နယ် NLD ပါတီရုံးရှေ့မှ စတင်ပြီး မြို့တွင်း လမ်းတစ်လျှောက်  ကျောက်တိုင် လမ်းဆုံအထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊  ပုဒ်မ (၄၃၆) အမြန်ဆုံး ပြင်ဆင်ရေး၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀  ရရှိရေး ၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၊ စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ အင်အား (၃၅၀) ဦးခန့်ဖြင့် ဆန္ဒဖော်ထုတ်ကြသည်။ 



ထိုနောက် ပုလောမြို့ ဗိုလ်ချုပ် လမ်းမကြီးရှိ ပလာဇာ အရှေ့၌ စုရုံး၍ ပုလောမြို့နယ် NLD ပါတီဝင်များ ဖြစ်သည့် ဦးဇော်မင်း၊ ဦးသန်းလွင်၊ ဦးအောင်မိုးဦး၊ ဦးမြင့်ဇော်၊  ဦးဖိုးမင်း၊ ဦးသန်းမိုးအောင် တို့မှ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပုဒ်မ -၅၉(စ)၊ ၅၉ (ဃ)၊  ပုဒ်မ - ၄၃၆ ပြင်ဆင်ရေး အတွက် ဟောပြောခဲ့ ပြီးနောက် (၁၀) နာရီ ကျော် အချိန်၌  ဆန္ဒဖော်ထုတ်ပွဲ ရုပ်သိမ်းခဲ့သည်။

0 comments: