Wednesday, April 30, 2014

ပြည်ထောင်စု အစိုးရအဖွဲ့ စီမံကိန်းနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် စီမံကိန်းနှင့် စီးပွားရေး ရင်းနှီးမြုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု အစိုးရအဖွဲ့ စီမံကိန်းနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဆပ်ကော်မတီ (Delivery Unit) ဥက္ကဌ၊
အမျိုး သားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး
ဒေါ်လဲ့လဲ့သိန်းသည် စီမံကိန်းနှင့် ရင်းနှီး မြုပ်နှံမှုဆိုင်ရာ ဆပ်ကော်မတီ အဖွဲ့ဝင်များ နှင့်အတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ ပုလဲရတနာခန်း မတွင် ဧပြီလ(၂၉)ရက် နံနက်(၉)နာရီက မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အတွင်းရှိ ခရိုင်/ မြို့နယ် စီမံခန့်ခွဲ မှု ကော်မတီဝင်များ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ အထောက်အကူပြုကော်မတီ ၀င်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအားတွေ့ဆုံ အမှာ စကားပြောကြားခဲ့သည်။


ပြည်ထောင်စု ဒုတိယ၀န်ကြီးမှ အမှာစကား ပြောကြားရာတွင် စီမံကိန်းနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဆပ်ကော်မတီ၏ လုပ်ငန်း တာဝန်များနှင့် နိုင်ငံတော်မှ အမျိုးသား ဘက်စုံ ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်း (NCDP)၊ (၅)နှစ် စီမံကိန်း၊ နှစ်ရှည် စီမံကိန်းများကို ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်သူ ဗဟိုပြုဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံကျသည့် မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ (Township Development plan) ကို သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများ၊ အထောက်အကူပြု ကော်မတီများ၊ ပြည်သူများနှင့် ညှိနှိုင်းလျက် ပြည်သူတို့၏ လူမှု ရေး လိုအပ်ချက် သဘောထား ဆန္ဒများ ရယူ ညှိနှိုင်း ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းဒေသကြီး အနေနှင့် ပညာရေး၊ ကျန်းမာရေး၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ မြို့ပြ ဖွံ့ဖြိုးရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေးစသည့် ကဏ္ဍဆိုင်ရာ နယ်ပယ် ဆိုင်ရာ စီမံကိန်း များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ လူထု အခြေပြု အဖွဲ့အစည်းများ၊ ပြည်သူ များ ပါဝင်ညှိနှိုင်း ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တနင်္သာရီ တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသိန်းလွင်က တိုင်းဒေသကြီး အနေဖြင့် စီမံကိန်း ရည်မှန်းချက်များ ကဏ္ဍအကောင်အထည် ဖော်ဆောင် ရွက်နိုင်မှု၊ စီမံကိန်း ရည်မှန်းချက်များ တိုးတက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လူတစ်ဦးချင်းစီ၏ ထုတ်လုပ်မှုတန်ဖိုး Per Capita GDP ရည်မှန်းချက်များကို ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ လွတ်တော် ကိုယ်စားလှယ်များနှင့် တက်ရောက် လာကြသူများက ကုန်သွယ် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စီမံကိန်း အသစ်များရေး ဆွဲရာတွင် ပြည်သူများ ပါဝင် ဆောင်ရွက်နိုင်ရေးနှင့် သိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

မေးမြန်း ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ ပြည်ထောင်စု ဒုတိယ၀န်ကြီး၊ တိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေး ၀န်ကြီး နှင့် ဆပ်ကော်မတီ အဖွဲ့ဝင်များက ပြန်လည်ရှင်း လင်း ဖြေကြားခဲ့ကြပြီး ပြည်ထောင်စု ဒုတိယ၀န်ကြီးမှ နိဂုံးချုပ် အမှာစကား ပြောကြား၍ တွေ့ဆုံ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။

မြိတ် ပြန်/ ဆက်

0 comments: