Monday, April 28, 2014

၉၆၉ ဘုန်းကြီးတစ်ပါးမှ ရိုက်နှက်သည်ကို အရေးမယူပေးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ထံ လာရောက် တိုင်ကြားသည့် အရှင်စန္ဒမာလာ ၏ဖြစ်စဉ်အမှန်

ထားဝယ် မဘသ အဖွဲ့မှ ဖော်ပြစရာ များစွာ ရှိသည့် အနက် အမြန်ဖော်ပြ စရာပေါ်လာသည့် အတွက် အရှင် စန္ဒမာလာ ကိစ္စကို ဦးစွာ တင်ပေးလိုက်ပါသည်။။ သူနှင့် မိသားစုဝင် များ၏ မျက်နှာကို ထောက် ထားသော အားဖြင့် ဂုဏ်ငယ်မည့် အရာများကို ချန်လှပ်၍ တင်ပြထား ပါသည်။




အရှင်စန္ဒမာလာသည် လောင်းလုံးမြို့နယ် ၀ဗျောအုပ်စု ကုန်းဇရပ်ရွာရှိ လုံးကြီးပြင် စေတီတွင် သံဃာ့နာယက အဖွဲ့ အုပ်ချုပ်ရေးရာ အိမ်မှူး၊ ဆယ်အိမ်မှူးအဖွဲ့ စသည် တို့ကိုလျှောက်ထားခြင်း ခွင့်တောင်းခံခြင်း အကြောင်းကြားခြင်း မရှိဘဲ သူ့သဘောနှင့်သူ လာရောက် နေထိုင်ခဲ့ ပါသည်။

ဒေသခံများ အနေအားဖြင့် အေးရာအေးကြောင်း ဖြစ်စေလို၍ မည်သို့မျှ သဘောမထားဘဲ သီတင်းသုံး နေစေခဲ့ ပါသည်။ ထိုသို့နေစေသော်လည်း အနီးရှိ ပတ်ဝန်းကျင် တကာ/ တို့နှင့် သင့်မြတ်အောင် မနေဘဲုရွာသူ/ သားများ လယ်မြေသို့ အလုပ်သွား အလုပ်ပြန်နေကြ ဘုရားစေတီအနီး လမ်းကြောင်းကို တံတိုင်းဖြင့် သွားလမ်း လာလမ်းကို ပိတ်ဆို့ခြင်း စသည်ကို လုပ်လာသဖြင့် နယ်ခံရွားသား/သူများက မပိတ်ဖို့ ပြောသော်လည်း လက်မခံဘဲနေလာခဲ့ ပါသည်။

ထို့ပြင်သူ၏ ဘကြီးတော်ဖြစ်သော ကော့သောင်မြို့ ထားဝယ်ရိပ်သာ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ သက်တော်ရှည်ဆရာတော် ကိုသော်မှ- သူ့လောက် သီလ မရှိစသည်ဖြင့် ပြောဆိုကာ သံဃာတော်များကို များစွာစော်ကားလာ ပြန်ပါသည်။ ထိုသို့ စသည်အကြောင်း များကြောင့် ပြဿနာ ပေါ်ပေါက် လာရာမှ လောင်းလုံးမြို့နယ် သံဃာ့ နာယက အဖွဲ့မှ ပြေလည်အောင် ဖြေရှင်းပေးခြင်း ကိုလည်း လက်မခံခဲ့၍ မြို့နယ်မှတဆင့် တိုင်းသံဃာ့နာယက အဖွဲ့သို့ပင် ထပ်မံတင်ပြ၍ ဖြေရှင်းရန် အကူညီတောင်း ခံရ ပါသည်။

တိုင်းသံဃာ့နာယကအဖွဲ့ ကလည်း အေးရာအေးကြောင်း ဖြစ်စေလို၍ ဥပဇ္ဈာယ်ဆရာကို ခေါ်ပြီး အပ်ပါဟူသော အမိန့်ထုတ်ပြန်ချက်ကို ပေးပို့လိုက်ပါသည်။ ထို့ကြောင့်ဥပဇ္ဈာယ်ဆရာမှ ၂ကြိမ်တိုင်တိုင် သွားရောက်ခေါ်ရာ ခေါ်၍မရ မလိုက်ခဲ့ပါ၊ နောက်တဖန် ထားဝယ် -- သို့ကူညီဖြေရှင်းပေး နိုင်ရန် ကူညီတောင်းခံလာသဖြင့် ထားဝယ် -- အဖွဲ့မှ ၂ကြိမ် ၃ကြိမ် ညှိနှိုင်းပေးရုံမက- အရှင်ဘုရား အရှင်ဘုရား အေးချမ်းစွာ သီတင်းသုံးနိုင်ရန် မြေကို လှူပါမည် ကျောင်းဆောက်ပေး ပါမည် ၊ မိမိ လိုအပ်သလိုလည်း ဆောက်နိုင်သည်၊ မအေးချမ်းသော နေရာ၌ မနေစေလိုကြောင်း တောင်းပန်၍ စီစဉ်ပေးခဲ့သည်။ သူ့၏အကိုဖြစ်သူ ကိုလှဦးနှင့် သူ့ကို ကြည်ညိုနေသူ တကာကြီးတစ်ဦးလည်း ပါဝင်သည်။

ထိုမျှလောက် ပြေလည်အောင် လုပ်ပေးသော်လည်း မရရှိပါ၍ နောက်ဆုံး ဥပဇ္ဈာယ်ဆရာအပါအ၀င် -- အဖွဲ့မှ သွားရောက်၍ အရှင် ဘာလိုအပ်သလဲ လိုအပ်သလို ဖြစ်အောင် လုပ်ပေး မည် ဟုပြောဆိုရာ၊ သူလိုသောအချက် ၃ချက်ကို တောင်းဆိုပါသဖြင့် တောင်းဆိုချက် အတိုင်း စီစဉ်ပြီးကြောင်း သွားခေါ်ရာ နောက်တစ်မျိုး နောက်တစ်မျိုး နှင့်သမာဓိမရှိ ကတိမတည်သော စကားများ ပြောလာပြန် သဖြင့် နောက်ဆုံး လက်လျှော့လိုက် ရသည် အထိ အခြေအနေဆိုးဝါးလှ ပါသည်။

ထိုသို့ မ-- အဖွဲ့မှ အကြိမ်ကြိမ် ညှိနှိင်းတောင်းပန် မေတ္တာရပ်ခံ သော်လည်း မရရှိပါသောကြောင့် လူ့အကြိုက် နတ်မလိုက်နိုင် ဆိုသလို ဖြစ်လာပြီး သူ့ကံကြမ္မာပါပဲ ဟူ၍ ဥပဇ္ဈာယ်ဆရာ ကိုယ်တိုင် တပည့် အပေါင်းဖော်များကို ခေါ်သွား၍ ကားနှင့် တင်ခေါ်လာပြီး၊ ထားဝယ်မြို့ပေါ် သူ့အကို အိမ်ရှေ့တွင် ချထားခဲ့ရန် ပြောသဖြင့် အိမ်ရှေ့တွင် နေကျန်ခဲ့ ပါသည်။

ဤသို့ ပြုလုပ်ခြင်းသည် အရှင်စန္ဒမာလာအား မကျေနပ်သူ များစွာတို့၏ အနာဂါတ် အန္တရာယ်ကို စောင့်ရှောက် လို၍ လည်းကောင်း ၊ဗုဒ္ဓဘာသာ အချင်းချင်း ပြဿနာ တက်ခဲ့သော် အနာဂါတ် သာသနာ အန္တရာယ် သမိုင်းမလှမပ ဖြစ်လာနိုင်မည်ကို စောင့်ရှောက်လိုသောကြောင့်လည်းကောင်း။ နယ်မြေခံဒေသ ယခုရော နောင်ပါ အေးချမ်း ပါစေရန် စောင့်ရှောက်လို၍ လည်းကောင်း မည်သည့် အညှိုးထားခြင်းမျိုးမဟုတ်ပဲ စောင့်ရှောက် လို၍သာ ပြုလုပ် ရပါကြောင့် တင်ပြလိုက်ရ ပါသည်။
https://www.facebook.com/eaindar.nyana မှ

0 comments: